လူချင်းနီးပေမဲ့ စိတ်ချင်းဝေးနေတဲ့အဖြစ်မျိုး ကြုံနေရပြီလား?

အချစ်ရေးတစ်ခုဟာ အမြဲတမ်းပျော်ရွှင်နေရတယ်ရယ်တော့မရှိပါဘူး။စိတ်ညစ်စရာတွေ၊စိတ်ရှုပ်စရာတွေလည်းကြုံရသလို အချစ်တွေပိုတိုးလာတဲ့
အခိုက်အတန့်တွေလည်းရှိကြပါတယ်။တစ်ခါတစ်လေဆို ချစ်သူတွေလို့သာ ခံယူထားတယ်။တစ်ယောက်နဲ့တစ်ယောက်စိတ်ချင်းဝေးကွာနေတာတွေလည်း
အများကြီးရယ်။

အခုပြောပြပေးချင်တာက ဘာလဲဆိုရင် ကိုယ့်ချစ်သူက ကိုယ့်အနားကနေထွက်သွားချင်နေသလိုလို၊ကိုယ့်ကိုထားခဲ့တော့မလို၊လူကသာကိုယ့်အနားမှာရှိနေတယ်။စိတ်ချင်းဝေးကွာနေသလို ခံစားလာရတဲ့အခါ ဘာဆက်လုပ်သင့်လဲဆိုတဲ့အကြောင်းပါပဲ။မိန်းကလေးတွေက တစ်ခုခုဆို သွေးပူပြီး ၀ုန်းဒိုင်းကြဲဖြေရှင်းတာများလို့ ပိုပြီးအဆင်မပြေဖြစ်တာတွေအများကြီးပါ။ဒါကြောင့်သွေးအေးအေးနဲ့ ဒီအခြေအနေကိုဖြေရှင်းနိုင်အောင် အချက်ကလေးသုံးချက်ကိုမျှဝေပေးလိုက်ပါတယ်။

*ပထမဆုံးအနေနဲ့ စိတ်တည်ငြိမ်အောင်ထားပါ
သူ ကိုယ့်အနားကနေထွက်သွားချင်နေတယ်လို့စိတ်ထဲကခံစားလာရရင် မလန့်သွားပါနဲ့။ယောကျာ်းလေးတွေက တစ်ကြိမ်တစ်ခါလောက်တော့သူတို့လက်ရှိအချစ်ရေးကနေရုန်းထွက်ချင်တဲ့စိတ်လေးရှိတတ်ကြပါတယ်။သူတို့စိတ်ထဲ မလွတ်လပ်ဘူး၊ကျဥ်းကျပ်တယ်လို့ခံစားလာရတဲ့အခါမျိုး၊မပျော်ရွှင်တော့ဘူးလို့ခံစားလာရတဲ့အခါမျိုးမှာပေါ့။ဒါပေမဲ့ ဒါကလည်း အခိုက်အတန့်ပါပဲ။

*သူကိုယ့်ဆီ တကယ်ပြန်လာချင်ရဲ့လားဆိုတာ သေချာအောင်စောင့်ပါ
ဒီလိုအခြေအနေမျိုးမှာ သင့်အနေနဲ့ သူ့ကိုအချိန်ခဏတာတော့ပေးဖို့လိုအပ်ပါတယ်။သူ့စိတ် သင့်ဆီပြန်လည်လာဖို့ သူ့ရဲ့ ကိုယ်ပိုင်စိတ်နဲ့သာဆုံးဖြတ်ပါစေ။
ဖိအားတွေတွန်းအားတွေကြောင့်ပြန်လာတာမျိုးမဖြစ်ပါစေနဲ့။သူ့ဘာသာ စဉ်းစားဆုံးဖြတ်ပါစေ။ကိုယ့်ကိုချစ်လို့လိုအပ်တာပဲဖြစ်ပါစေ။

*သင့်ဆီသူပြန်ရောက်လာတဲ့အခါ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့ အချစ်ရေးကိုဆက်လက်ထိန်းသိမ်းပါ
သူ့အနေနဲ့ သင့်ဆီက ထွက်သွားဖို့ကြိုးစားကောင်းကြိုးစားလိမ့်မယ်။ဒါပေမဲ့ သူဟာ သင့်ကိုတကယ်ချစ်ပြီးမပြတ်နိုင်လို့ သင့်ဆီပြန်လာတယ်။ခဏတာ
အေးစက်နေခဲ့ပေမဲ့ နောက်ပိုင်းပြန်ပြီးနွေးထွေးဖို့ကြိုးစားလာတယ်။သင့်ကိုပိုပြီးဂရုစိုက်ပေးလာတယ်ဆိုရင် လစ်လပ်သွားတဲ့အချိန်တွေအတွက် အပြစ်တင်
ဝေဖန်တာမျိုးမလုပ်ပါနဲ့။မသိသလိုပဲနေပြီး သူကိုယ့်ဆီမှာ ပိုပြီးပျော်ရွှင်အောင် သူဟာ ကိုယ်နဲ့မှ ပျော်ရွှင်ရတယ်ဆိုတာ သူခံစားရအောင်လုပ်ပါ။

အချစ်ရေးတစ်ခုဟာ စဖို့လွယ်ပေမဲ့ ဖြတ်ဖို့ကတော့ လွယ်မလိုနဲ့ခက်ပါတယ်။သူ့ဘက် ကိုယ့်ဘက်နားလည်အောင်ညှိယူရတဲ့အပိုင်းတွေကလည်းအများကြီးပါပဲ။
သူဟာ ကိုယ့်ဆီကထွက်သွားဖို့ကြိုးစားခဲ့ဖူးတယ်ဆိုရင် ကိုယ်ဘာလိုအပ်နေခဲ့တာလဲဆိုတာ သင့်ဘက်ကလည်း ပြန်ဆန်းစစ်ဖို့လိုအပ်ပါတယ်နော်။မိန်းကလေးတွေအတွက် အကြံပေးထားတာဆိုပေမဲ့ ယောကျာ်းလေးတွေလည်းကိုယ့်ချစ်သူမိန်းကလေးအေးစက်စက်ဖြစ်နေတဲ့အခါ ဒီအချက်လေးတွေအတိုင်းလုပ်ကြည့်ပါ။

400 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.