မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိလား

ဒီလိုခေတ်ကြီးထဲမှာ Rs တစ်ခုခိုင်မြဲဖို့ဆိုတာ မလွယ်ပါဘူး။ သစ္စာတရားဆိုတာ ပျောက်ကွယ်လု
နီးပါးဖြစ်နေတဲ့ လောကကြီးမှာ တစ်ယောက်ကိုယ် တစ်ယောက် လက်တွဲမဖြုတ်ပဲ နားလည်မှုတွေ
နဲ့ ရှေ့ဆက်နေတဲ့ ချစ်သူတွေတွေ့ရင် အားကျမိတာအမှန်ပါပဲ။

Image result for Relationship Goals

လူတွေဟာ အမျိုးမျိုးတွေ့ဆုံကြုံကြိုက်ပြီး ချစ်ကြတယ်။ မြင်မြင်ချင်းချစ်မိသွားတာ ရှိသလို ၊
အချိန်ကြာကြာနေတော့မှ သံယောဇဉ်ဖြစ်ပြီး ချစ်မိသွားကြတာတွေလည်းရှိပါတယ်။ မြင်မြင်ချင်း
ချစ်တယ်ဆိုတာ ဝတ္ထုတွေ ရုပ်ရှင်တွေထဲမှာပဲ ရှိတယ်လို့ သင်ထင်ပါသလား။ တကယ့်လက်တွေ့
ကမ္ဘာမှာလည်း ရှိပါတယ်။ ဥပမာပြရမယ်ဆိုရင် John Krasinski နဲ့ Emliy Blunt တို့စုံတွဲကိုပဲကြည့် … ။

John Krasinski and Emily Blunt

၂ဝဝ၈ခုနှစ်မှာ ပထမဆုံးတွေ့ဆုံခဲ့ကြပြီး မြင်မြင်ချင်းချစ်မိသွားကြတာပါတဲ့။ အခုချိန်ထိလည်း
သူတို့ အိမ်ထောင်ရေးဟာမြဲမြံနေခဲ့တယ်။ မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိကြောင်း သူတို့စုံတွဲ
ကတော့ သက်သေပြသွားခဲ့ပါတယ်။ အခြားသူတွေလည်း ရှိချင်ရှိမှာပါ။ မြဲတာနဲ့ မမြဲတာပဲ ကွာပါတယ်။

အဓိကကတော့ ဖူးစာပေါ့။ ဖူးစာပါနေရင် ဘယ်လောက်ပဲဖြစ်ဖြစ် ညားမှာပါပဲ။ တစ်ချို့ ကြတော့
တွေ့တွေ့ချင်း ချစ်မိကြပေမယ့် နောက်မှ အကျင့်စရိုက်တွေမတူညီတဲ့အခါ လမ်းခွဲလိုက်ကြတာ
တွေလည်း ရှိပါတယ်။

Image result for Relationship Goals

အချိန်မှန် လူမှန်သာဖြစ်ခဲ့မယ်ဆိုရင် ဒီအချစ်ရေးဟာ ပျော်ရွှင်ရပါတယ်။ ဒီတော့ မြင်မြင်ချင်းဆိုတာ
တကယ်ရှိလားမေးရင် ရှိပါတယ်။ ဒါပေမယ့် ရှားတယ်…

26 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.