Lee Sun Bin နဲ့ Relationship အကြောင်း ပြောပြလာတဲ့ Lee Kwang Soo

၂၀၁၈ ဒီဇင်ဘာလတုန်းက မင်းသမီး Lee Sun Bin နဲ့ချစ်သူတွေဖြစ်နေကြောင်းဝန်ခံအတည်ပြုခဲ့တဲ့ Running Man စတား မင်းသား Lee Kwang Soo
ဟာ ဧပြီ ၂၄ရက်နေ့တုန်းက အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်လို့ ပြောပြလာခဲ့ပါတယ်။

ဧပြီ ၂၄ရက်နေ့က သူ့ရဲ့ဇာတ်ကားသစ် “Inseparable Bros” နဲ့ပတ်သက်ပြီးအင်တာဗျူးလုပ်နေစဉ် သူ့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးပြောပြလာခဲ့တာ
ဖြစ်ပါတယ်။Kwang Soo က “ကျွန်တော်တို့ရဲ့အချစ်ရေးက အဆင်ပြေနေပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ ပရိသတ်တွေရှေ့ ချမပြခင်တုန်းက အပြင်မှာ
အေးအေးဆေးဆေးတွေ့လို့ရပေမဲ့ သတင်းတွေထွက်လာတဲ့အချိန်မှာတော့ အနည်းငယ်အခက်တွေ့ခဲ့ရတာတော့ရှိခဲ့ပါတယ်”လို့ပြောခဲ့ပါတယ်။အင်တာဗျူးမေးသူက သူ့ရဲ့အချစ်ရေးကို ဘာလို့ပရိသတ်တွေရှေ့ အတိအလင်းချပြဖို့ရွေးချယ်ခဲ့တာလဲမေးမြန်းကြည့်တဲ့အခါမှာ Kwang Soo က “ထွေထွေထူးထူးအကြောင်းရင်းရယ်လို့မရှိပါဘူး။ဒီအတိုင်းပဲ ကျွန်တော်ပရိသတ်တွေကိုမလိမ်ထားချင်လို့ပါ။Lee Sun Bin ကလည်းအတူတူပါပဲ”လို့ဖွင့်ပြောပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာ Lee Kwang Soo က သူ့ရဲ့ ညီအစ်ကိုလိုချစ်ရတဲ့ Yoo Jae Suk နဲ့ပတ်သက်ပြီးတော့ပြောပြခဲ့တာရှိပါသေးတယ်။“ကျွန်တော်တို့
အချစ်ရေးသတင်းကို အားလုံးသိပြီးတဲ့နောက် ကျွန်တော် Jae Suk နဲ့စကားပြောဖြစ်ခဲ့ပါတယ်။ပြီးတော့ သူက ကျွန်တော့်ကို မစိုးရိမ်ဖို့လည်းပြောခဲ့ပါတယ်။
ကျွန်တော့်အချစ်ရေးနဲ့ပတ်သက်ပြီး ရှိုးမှာ သူဟာသလုပ်ခဲ့တာတွေရှိပေမဲ့ အပြင်လက်တွေ့မှာတော့ ကျွန်တော့်အပေါ် သူအများကြီးကောင်းပေးပါတယ်။ကျွန်တော်သူ့ဆီက အားအင်တွေအများကြီးရရှိခဲ့တာပါ”လို့ပြောပြခဲ့ပါတယ်။

ပရိသတ်တွေရဲ့အချစ်တော်မင်းသားလေးဖြစ်တဲ့ Lee Kwang Soo တစ်ယောက် ချစ်သူရည်းစားရသွားပြီဆိုတဲ့သတင်းဟာ ၂၀၁၈ ကုန်ခါနီး
ပရိသတ်တွေကို အတော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့တဲ့သတင်းဖြစ်ပါတယ်။ဒါပေမဲ့ သူ့ရဲ့ချစ်သူကောင်မလေးက ချစ်ဖို့လည်းကောင်းသလို နာမည်ကျော်မင်းသမီးလေးလည်း ဖြစ်တာကြောင့်ပရိသတ်တွေက သူတို့စုံတွဲကိုလိုက်ဖက်တဲ့စုံတွဲလေးအဖြစ်သဘောတူအားပေးနေဆဲလို့လည်းသိရပါတယ်။သူတို့စုံတွဲပုံရိပ်လေးတွေ ပြန်လည်ဖော်ပြပေးလိုက်တယ်နော်။

41 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.