စားလို့ကောင်းတဲ့ ချိုချိုချဉ်ချဉ် ပန်းသီးကြော်လေးလုပ်စားရအောင်…
-ပန်းသီး
Unicode
တစ်ခါစားပြီးရုံနဲ့နောက်ထပ်စားချင်စိတ်ကိုဖြစ်စေမဲ့ ပန်းသီးကြော်လေးကို စားဖူးကြလား…ပန်းသီးကိုအစိမ်းအတိုင်းပဲစားဖူးကြတဲ့သူတွေများမှာပါ။ ပန်းသီးဆိုတာနဲ့ အသီးအနေနဲ့ပဲ တော်တော်များများကစားဖူးကြပင်မဲ့အရသာရှိတဲ့ဒီလို အသီးလေးကို အဆာပြေအစားစာအနေနဲ့ကြော်စားလို့လည်းရပါတယ်။ အခုဆိုရင် စားသောက်ဆိုင်တွေ ၊ဘီယာဆိုင်တွေမှာ ပန်းသီးကြော်က အမြည်းအနေနဲ့လူတိုင်းကြိုက်ကြတဲ့ အစားစာတစ်မျိုးဖြစ်နေပါပြီ။လွယ်လွယ်ကူကူနဲ့စားလို့ကောင်းတဲ့ပန်းသီးကြော်လေး ကြော်စားလိုရအောင် ကြော်နည်းလေးကို Sharing လုပ်ပေးလိုက်ပါတယ်နော်…အားရင်လည်းကိုယ့်အိမ်မှာဒါမျိုးလေးတွေကြော်စားကြည့်ကြနော်…လိုအပ်တဲ့ပစ္စည်းတွေက…-ပန်းသီး-အကြော်မှုန့်(သို့)ဂျုံမှုန့် ၊ ယိုးဒယားမယ်- ပေါင်မုန့်ကြွပ်မှုန့်- ဆားအနည်းငယ်နဲ့ သကြားလုပ်နည်းလေးကတော့ရိုးရှင်းပါတယ်ပန်းသီးကို ခပ်မထူမပါးလေးလှီးပါ။ အကွင်းလှီးလှီး တစ်စောင်းလေးလှီးလှီး၊ အစိတ်လိုက်လှီးလှီး ကိုယ်ကြိုက်သလိုပုံဖော်လို့ရပါတယ်။ပြီးရင် အကြော်မှုန့်ကို ရေနည်းနည်းနဲ့ခပ်ပျစ်ပျစ်လေးဖျော်ပါ။ ပန်းသီးနဲ့ရောနယ်ပါ။နယ်တဲ့အချိန်သကြားနည်းနည်းနဲ့ဆားကိုသင့်တင့်သလိုထည့်ပါ။ပြီးရင်တော့ ကြက်ဥအကာလေးနဲ့တစ်ခုချင်းစီတို့နှစ်ပေးပြီး ပေါင်မုန့်ခြောက်မှုန့်နဲ့ကပ်ပေးပါ။ နောက်ဆုံးအဆင့်ကတော့ ဆီပူပူထဲ တစ်ခုခြင်းစီထည့်ကြော်လို့ရပါပြီ။ဒီလိုပန်းသီးက ဒီလိုကြော်လည်း ကောင်းသားဟ လို့ ရေရွတ်မိစေမဲ့ပန်းသီးကြော်နည်းလေးကိုတင်ပေးလိုက်ပါတယ်နော်
23 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.