စတာနဲ့ နှိမ်တာကို ခွဲခြားသိတတ်ဖို့

တစ်ချို့ တွေက စတာ ၊ စတာနဲ့ တစ်ဖက်သားကို ချိုးနှိမ်ပြီး ပြောတတ်တာမျိုးတွေရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စကားဆိုတာပြောပါများရင် အမှားပါတတ်ပါတယ်။ တစ်ခုခုဆို
နေရာတကာဝင်ပါတတ်တဲ့ အကျင့်က သင့်ကိုစတိုင်လ်မကျစေပါဘူး။

Image result for talking

ဒါလေးစတာကို ဘာဖြစ်တာလဲ.. အထိမခံ ၊ ရွှေပန်းကန်ဖြစ်နေတယ်လို့တော့ မပြောလိုက်ပါနဲ့
လေ။ လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် တူမှမတူတာ ။ ကိုယ်ကဒီလိုခံစားမိပေမယ့်
သူ့အနေနဲ့ ဘယ်လိုတွေးနေလဲဆိုတာ ကိုယ်မှမသိနိုင်တာ။ သူက စိတ်မကြည်ချိန် ကိုယ်က
သွားနောက်လိုက်မိတာမျိုးလည်း ဖြစ်သွားမှာပေါ့။

အဓိက ကိုယ်က စကားကိုထိန်းပြောတတ်ဖို့ပါပဲ။ တစ်ချို့ တွေကြတော့ သူတို့ကိုစတာ
မကြိုက်ဘူးဆိုတာကို သိအောင်ပြောတယ်။ တချို့ ကြတော့ မျက်နှာအမူရာနဲ့ သတိပေးတယ်။
စသလိုလိုနဲ့ သူများအားနည်းချက်ဖိပြီး ပြောမိတဲ့အခါ မျက်နှာပျက်စရာတွေဖြစ်ရပါတယ်။
စကားအပြောမတတ်လို့ လူမုန်းခံရတာတွေ ဘယ်လောက်များနေပြီလဲ စဉ်းစားကြည့်ပါ။

Image result for talking

စကားဆိုတာ ပြောတတ်တဲ့လူရဲ့ပါးစပ်ထဲမှာတော့ ဆဲနေရင်တောင် လှပါတယ်။
စသလိုလိုနဲ့ ခနဲ့တတ်တဲ့လူတွေနဲ့လည်း ကြုံဖူးပါတယ်။ အဲ့ဒီိလိုလူတွေနဲ့ တွေ့တဲ့အခါ ခွန်းတုံ့မပြန်ချင်
ရင်တောင် မင်းတို့ပြောနိုင်တာ ဒါပဲလားဆိုတဲ့ မျက်လုံးနဲ့သာ ကြည့်ပေးလိုက်ပါ။
သူတို့ဟာ အားနည်းချက်ဖိပြီး သက်သက်ကြီးဝေဖန်လာပါလိမ့်မယ်။ လူဆိုတာ ဘယ်တော့မှ
မင်းအပေါ် ကောင်းတဲ့မျက်လုံးနဲ့ကြည့်တတ်သူတွေ မဟုတ်ပါဘူး။ ဒါကြောင့် ရေလိုက်ငါးလိုက်သာ
နေပြီး ဘဝရဲ့အဖော်မွန်ကောင်းတွေကို ဘေးမှာ တစ်သက်လုံးခေါ်ထားလိုက်ပါ။

945 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.