ရုပ်ရှင်ဇာတ်လမ်းတွေအပေါ်စွဲလမ်းစိတ်ကြီးလွန်းသူတွေဟာ အထီးကျန်သူအများစုဖြစ်ကြောင်းတွေ့ရှိ…

သူတွေလို့သိရပါတယ်။

သူတို့ရဲ့အပြင်လောကမှာ လူတွေရဲ့ဂရုစိုက်မှုကို သိပ်မခံရတဲ့အခါမျိုး၊ နှစ်နှစ်ခါခါချစ်ပေးသေးတဲ့သူမရှိတဲ့အခါမျိုးမှာ ရုပ်ရှင်ထဲက ဇာတ်လမ်းတွေ ကများRo ပြလိုက်ရင်
သေချာတာကတော့ တရားလွန်ရုပ်ရှင်ဇာတ်လမ်းတွေအပေါ်စွဲလမ်းမိနေသူ တရားလွန်မင်းသားမင်းသမီးတွေအပေါ် စွဲလမ်းလွန်းကြီးသူတွေဟာ အပြင်လောကမှာ ပျော်နေရင်တောင်ရင်ထဲမှာတော့ အထီးကျန်ဓာတ်ခံအနည်းနဲ့အများရှိတတ်ကြတယ်ဆိုတာပါပဲ။

 

Unicode

ရုပ်ရှင်ကားတွေအ ပေါ်သိပ်ကို စွဲလမ်းစိတ်များလွန်းတဲ့သူတစ်ယောက်ဖြစ်နေပြီလား…အခုလို တိုးတတ်ပြောင်းလဲနေတဲ့ခေတ်ကြီးထဲမှာ ရုပ်ရှင်ဇာတ်လမ်းတွေနိုင်ငံတကာက ဇာတ်ကားကောင်းတွေ ဇာတ်လမ်းတွဲတွေကလည်းမတရားကိုထိုးဖောက်ဝင်ရောက်လာနိုင်လာပါပြီ။ ရုပ်ရှင်ဇာတ်လမ်းကြိုက်တဲ့လူတစ်ချို့ကို ခြုံငုံပြီးစစ်တမ်းကောက်ရာမှာတော့ရုပ်ရှင်ဇာတ်ကားတွေအပေါ်အရမ်းကို စွဲလမ်းလွန်းပြီး ရုပ်ရှင်ထဲကမင်းသားမင်းသမီးတွေကို တစ်ဖက်သတ်စွဲလမ်းလွန်းအာားကြီးသူတော်တော်များများကိုတွေ့ခဲ့ရပါတယ်။ ဇာတ်ကားထဲကဇာတ်ကောင်ကို စွဲလမ်းတဲ့စိတ်မင်းသားမင်းသမီးရဲ့ကာရိုက်တာပေါ်စွဲလမ်းစိတ် ၊မင်းသားမင်းသမီးရဲ့အနုပညာကိုတင်မကပဲလူမှုရေးကိစ္စတွေကိုပါစွဲလမ်းလွန်းပြီးပါဝင်ပတ်သတ်လိုစိတ်များတဲ့သူတွေဟာသိပ်ကိုအထီးကျန်ဆန်တဲ့ ဘဝကိုပိုင်ဆိုင်ထားတဲ့သူတွေလို့သိရပါတယ်။ ဒီနေရာမှာအထီးကျန်တယ်ဆိုတာ က မိသားစုမရှိလို့ဆွေးမျိုးသားချင်းမရှိလို့ဆိုတာမျိုးနဲ့မသက်ဆိုင်ပဲသူတို့ရဲ့အတွင်းစိတ်ကိုက အပြင်လောကနဲ့ဝေးကွာပြီးစိတ်ကူးယဉ်ကမ္ဘာထဲမှာပိုပြီးသာယာချင်တတ်ကြတာပါ။သူတို့ရဲ့စိတ်ထဲမှာ အထီးကျန်မှုတွေမသိမသာနဲ့စုပုံလာတဲ့အခါအပြင်လူထက်စာရင် ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝလေးမှာပဲမင်းသားမင်းသမီးလေးတွေ၊ဇာတ်လမ်းလေးတွေနဲ့ကြည်နူးမိသွားကြတာပါ။ တစ်ချို့ဆိုရှိပါတယ်…မင်းသားမင်းသမီးတွေကို အနုပညာလောက်ပဲကြိုက်တာအားပေးတာမျိုးမဟုတ်ပဲ သူတို့ရဲ့လူမှုရေးကိစ္စတွေကအစ လိုက်ပြီးတွေးတတ်ခံစားပေးနေတတ်ကြတာမျိုးပါ။ သူတို့ရဲ့အပြင်လောကမှာ လူတွေရဲ့ဂရုစိုက်မှုကို သိပ်မခံရတဲ့အခါမျိုး၊ နှစ်နှစ်ခါခါချစ်ပေးသေးတဲ့သူမရှိတဲ့အခါမျိုးုမှာ ရုပ်ရှင်ထဲက ဇာတ်လမ်းတွေ ကများRo ပြလိုက်ရင်အသည်းတွေယားပြီးသဘောတွေကျနေကြတာပါပဲ။ အပြင်မှာလည်းဒီလိုPerfect ဖြစ်တဲ့သူကို လိုက်ရှာရင်းနဲ့ တကယ့်လက်တွေ့ဘဝကလူတွေနဲ့ဝေးသွားတာမျိုးရှိတတ်ကြပါတယ်။သေချာတာကတော့ တရားလွန်ရုပ်ရှင်ဇာတ်လမ်းတွေအပေါ်စွဲလမ်းမိနေသူ တရားလွန်မင်းသားမင်းသမီးတွေအပေါ် စွဲလမ်းလွန်းကြီးသူတွေဟာ အပြင်လောကမှာ ပျော်နေရင်တောင်ရင်ထဲမှာတော့ အထီးကျန်ဓာတ်ခံအနညး်နဲ့အများရှိတတ်ကြတယ်ဆိုတာပါပဲ။

895 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.