ရင်သားအကိတ်လေးကိုပိုင်ဆိုင်ချင်ပါတယ်ဆိုတဲ့မမ တွေအတွက်…

ကျလှပပြီးတင်းရင်းကျစ်လျစ်တဲ့ရင်သားတစ်စုံကိုပိုင်ဆိုင်ချင်တဲ့အမျိုးသမီးတိုင်းသိထားသင့်…
(၁) ကိုယ်နဲ့တော်နဲ့Bra ဆိုဒ်ကို ရွေးချယ်လိုက်ပါ

ကိုယ်နဲ့တော်တဲ့ အတွင်းခံကိုဝတ်ဆင်ပါကိုယ်နဲ့တောင်တဲ့ အတွင်းခံကိုရွေးချယ်ပြီးဝတ်တတ်ဖို့လိုပါတယ်။ကိုယ့်ရင်ဘတ်နဲ့အသားမကျပဲသေးနေတာမျိုး၊ ကိုယ့်ရင်ဘတ်ထက်ကြီးနေတာမျိုးတွေကိုဝတ်ဆင်တာဟာရင်သားကို တွဲကျပုံမကျစေတဲ့ အဓိကရန်သူတွေဖြစ်ပါတယ်။ဒါကြောင့်ကိုယ်နဲ့တော်ပြီးကွက်တိကျတဲ့အတွင်းခံမျိုးကိုသာရွေးချယ်ဝယ်ဆင်သင့်ပါတယ်။

(၂) မှောက်အိပ်တာဖိအိပ်တာကိုေ ရှာင်ပါ

မှောက်အိပ်တာ ၊ဖိအိပ်တာရှောင်ပါ ရင်ဘတ်ကိုဖိပြီးအိပ်စက်တာမျိုးကိုရှောင်ပါ၊ အိပ်စက်တဲ့အခါ ရင်ဘတ်ကို ဖိပြီးအိပ်စက်ခြင်းဟာ ရင်သားကို အင်မတန်ပုံပျက်စေပါတယ်။

(၃) အားကစားလုပ်တဲ့အခါ တင်းတင်းရင်းရင်းနဲ့ရင်သားကိုထိန်းထားနိုင်မဲ့ အတွင်းခံမျိုးကိုဝတ်ဆင်ပါ

အားကစားလုပ်တဲ့အခါ တင်းရင်းပြီးကိုယ့်ရင်သားကို ထိန်းထားနိုင်တဲ့ အတွင်းခံမျိုးကိုဝတ်ဆင်ပါအားကစားလုပ်တဲ့အချိန် အထူးသဖြင့်ပြေးတဲ့အချိန်မှာ ရင်သားကိုတင်းရင်းစေတဲ့ အတွင်းခံမျိုးကိုပဲဝတ်ဆင်သင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ လျော့ရဲတဲ့ အတွင်းခံမျိုးကိုဝတ်ဆင်ထားခြင်းဖြင့်ပြေးခြင်းဟာ ကြာရင် ရင်သားကို တွဲကျပုံပျက်စေပါတယ်။

(၄) ဒိုက်ထိုးတာမျိုးကိုအရမ်းမလုပ်ပါနဲ့
 အားကစားလုပ်တဲ့အခါဒိုက်ထိုးတာမျိုး၊ ကိုအကြိမ်များများမလုပ်မိပါစေနဲ့    ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်ဖက်မဲ့အားကစားမျိုးကိုလုပ်ပါ။ ဒိုက်ထိုးတာမျိုး အားကစားဟာ မိန်းကလေးတွေအတွက်ရင်သားကိုတွဲကျစေနိုင်တဲ့အားကစားမျိုးဖြစ်တာမလို့ လုပ်ဖို့လိုအပ်ရင်လည်း လုပ်ပြီးတာနဲ့ရင်သားတင်းရင်းစေတဲ့လေ့ကျင့်ခန်းပြန်လုပ်ပေးပါ။

(၅) အတွင်းခံဝတ်ပုံဝတ်နည်းမှန်ပါစေ

အတွင်းခံဝတ်ပုံဝတ်နည်းမှန်ပါစေတစ်ချို့တွေက အတွင်းခံဝတ်တဲ့နေရာမှာ ထဘီပေါ်ကို အတွင်းခံထပ် အရှေ့ဘက်နေချိတ်တတ်ပြီး အောက်ကထဘီကိုဆွဲချကာ ရင်သားကိုအတွင်းခံထဲထည့်ပြီးဝတ်ဆင်တတ်ကြပါတယ်။ ဒီလိုဝတ်ဆင်ခြင်းမှာ ဆွဲချလိုက်တဲ့ရင်သားပေါ်ကထဘီကြောင့် ရင်သားဟာပိုမိုတွဲကျသွားစေနိုင်ပါတယ်။ နောက်တစ်ခုကတော့ ကလေးမွေးထားတဲ့အမျိုးသမီးတွေဟာ ကလေးကိုနို့တိုက်တဲ့အချိန်အတွင်းခံကိုအပေါ်တင်ပြီးတိုက်တတ်ကြပါတယ်၊ ဒါကြောင့်လည်းရင်သားတွေပိုမိုတွဲကျသွားတတ်ကြတာပါ၊ တကယ်တော့ အတွင်းခံကို အောက်မှာထားရင်သားကိုအပေါ်ပင့်ပြီးနို့တိုက်ခြင်းဟာ ရင်သားတွဲကျခြင်းကို ကာကွယ်ပေးနိုင်တဲ့နည်းတစ်နည်းပါပဲ။

26 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.