သရက်သီးအစိမ်းစားတာက သင့်ကိုဒီလိုကျန်းမာရေးကောင်းကျိုးတွေယူဆောင်လာပေးနိုင်…

သရက်သီးကိုတော့ မကြိုက်တဲ့သူမရှိပါဘူး။သရက်သီးအမှည့်ရော သရက်သီးအစိမ်းရော တော်တော်များများက ကြိုက်ကြပါတယ်။အရသာရှိလို့စားကြတယ်ဆို
ပေမဲ့ သရက်သီးအစိမ်းစားတဲ့အခါမှာ သင်တို့မသိလိုက်ခင်မှာပဲ သင်တို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ဒီလိုကောင်းကျိုးတွေယူဆောင်လာပေးနိုင်ပါတယ်တဲ့။
ကိုယ်စားတဲ့အစားအသောက်က အရသာရှိရုံတင်မကပဲ ကျန်းမာရေးအတွက်လည်း ဘာတွေကောင်းလဲဆိုတာ ဗဟုသုတအနေနဲ့သိထားရအောင်
ပြန်လည်မျှဝေပေးချင်ပါတယ်။

*ခန္ဓာကိုယ်အပူလျော့နည်းပြီးရေဓာတ်ဖြည့်တင်းပေးနိုင်
သရက်သီးအစိမ်းကိုဖျော်ရည်အဖြစ်လုပ်သောက်တဲ့အခါ ခန္ဓာကိုယ်အတွင်းအပူလျော့နည်းစေပြီး ရေဓာတ်ခြောက်သွေ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
အထူးသဖြင့် ဒီလိုပူပြင်းတဲ့နွေရာသီမှာ သရက်သီးအစိမ်းဖျော်ရည်သောက်ပေးတာက ခန္ဓာကိုယ်အတွက်ကောင်းမွန်စေပါတယ်။

*အစာအိမ်အတွက်ကောင်းမွန်စေ
သရက်သီးအစိမ်းစားတာဟာ ၀မ်းချုပ်တာ၊အော့အန်ချင်စိတ်ဖြစ်တာ၊အစာမကြေတာ၊မနက်ပိုင်းအော့အန်ချင်တာမျိုးစတဲ့အစာအိမ်နဲ့ပတ်သက်တဲ့
ဝေဒနာတွေကို လျော့ပါးသက်သာစေပါတယ်။

*နှလုံးအတွက်ကောင်းမွန်စေ
သရက်သီးအစိမ်းစားပေးတာက နှလုံးကျန်းမာရေးအတွက်ကောင်းမွန်စေတယ်လို့သိရပါတယ်။နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ရောဂါတွေမဖြစ်ပွားအောင်
ကာကွယ်ပေးပြီးသွေးတွင်းကိုလက်စထရောကိုလည်းမျှတအောင်ထိန်းပေးပါတယ်။

*ကိုယ်ခံအားစနစ်ကောင်းမွန်စေ
နေ့လည်ထမင်းစားသောက်ပြီးသရက်သီးအစိမ်းအမှုန့်ကို နည်းနည်းလျက်စားပေးတာက ခန္ဓာကိုယ်ကိုလန်းဆန်းတက်ကြွစေပြီး ကိုယ်ခံအားစနစ်ကို
ပိုပြီးကောင်းမွန်စေတယ်လို့သိရပါတယ်။

*အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာစေ
သရက်သီးအစိမ်းဟာ အသည်းနဲ့အူလမ်းကြောင်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်။သရက်သီးအစိမ်းအစိပ်လေးတွေစားပေးတာဟာ
အူလမ်းကြောင်းအတွင်းအဆီစုပ်ယူမှုတိုးတက်ကောင်းမွန်စေပြီးစားလိုက်တဲ့အစားအစာထဲမှာရှိနေတဲ့ပိုးမွှားတွေကိုလည်းသေစေနိုင်တယ်လို့သိရပါတယ်။

*ဗီတာမင်စီဖြည့်တင်းပေးနိုင်
သရက်သီးအစိမ်းအမှုန့်ဟာ ခန္ဓာကိုယ်တွင်း ဗီတာမင်စီမချို့တဲ့အောင် ကူညီပေးနိုင်ပါတယ်။ဗီတာမင်စီချို့တဲ့မှုကြောင့်ဖြစ်ပေါ်တတ်တဲ့
အရေပြားရောဂါတွေ၊ယားယံတာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ဗီတာမင်စီကြွယ်ဝတဲ့အတွက် သွေးနီဥဆဲလ်တွေကိုလည်းပိုပြီးကျန်းမာစေ
ပါတယ်။

သရက်သီးအစိမ်းစားပေးမယ်ဆိုရင် ဒီလိုကျန်းမာရေးကောင်းကျိုးတွေသင်ရနေမှာအမှန်ပါပဲ။

411 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.