အခန့်မသင့်ပဲ ကိုယ့်အလုပ်က လူနဲ့စကားများတဲ့အခါ

နေ့စဉ်ပြုလုပ်နေမိတဲ့ အလုပ်တွေထဲမှာ အမှားဆိုတာလည်း ပါလာနိုင်ပါတယ်။ သူ့ဘက်က
မှားတာရှိသလို ကိုယ့်ဘက်ကမှားတဲ့အခါလည်း ရှိမှာပေါ့။ လုပ်ငန်းခွင်ဝင်တဲ့အခါ မတူညီတဲ့
လူအမျိုးမျိုးနဲ့ အံ့ဝင်ခွင်ကျဖြစ်အောင် နေရပါတယ်။ ကိုယ်က ဒီလိုလုပ်လိုက်ရင် ပိုလွယ်ကူမယ့်
နည်းလမ်းလို့ထင်ပေမယ့် အခြားသူတွေက အဲ့လိုထင်ချင်မှ ထင်ပါလိမ့်မယ်။

Image result for arguing with coworkers

ဒါကြောင့်လည်း အလုပ်တစ်ခုကို ညှိညှိနှိုင်းနှိုင်းလုပ်ကြလို့ ပြောကြတာပေါ့။ ညှိနှိုင်းတိုင်ပင်မှုမရှိ
တော့ ရှေ့နောက်မညီ အလုပ်မတွင်တော့အလကားပါပဲ။ အခန့်မသင့်ပဲ အတူတူ အလုပ်လုပ်နေတဲ့
သူနဲ့စကားများရတဲ့အခါ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။ ဒေါသနောက်က ကပ်ပါလာတဲ့ ဆင်ခြင်တုံးတရားဟာ ကိုယ့်ကိုသိက္ခာမဲ့စေပါတယ်။

စကားများ အခြေအနေတင်းမာလာပြီဆိုရင် အသက်ဝအောင် ရှု ၊ စိတ်အေးအေးထားနိုင်အောင်
အရင်ကြိုးစားပါ။ သူပြောချင်တာကို နားလည်ပေးဖို့ကြိုးစားပါ။ အဓိပ္ပာယ်မရှိရင်တောင်မှ
သူဘာလို့ ဒီလိုလုပ်ချင်လဲဆိုတာကို အကြောင်းပြချက်မေးပါ။ ပြဿနာတစ်ခုကို ရှုထောင့်ပေါင်းစုံက
ကြည့်စဉ်းစားပါ။ ကြီးတဲ့ ကိစ္စ သေးနိုင်သမျှ သေးအောင် ဘယ်လိုအဖြေထုတ်မလဲ တွေးပါ။

Image result for arguing with coworkers

ဘာပြဿနာဖြစ်နေတာလဲ..ဖြစ်နေတဲ့ ပြဿနာကိုပဲ ဦးတည်ပါ။ လူကိုမတိုက်ခိုက်ပါနဲ့။
အရေးကြီးဆုံးကတော့ အပြစ်မတင်မိဖို့ပါပဲ။ ဘယ်သူမှ အပြစ်တင်ခံရတာ မကြိုက်ဘူး။
အပြစ်တင်နေလို့လည်း ပြီးသွားမယ့် ကိစ္စမဟုတ်တော့ ပြဿနာဘယ်လိုဖြေရှင်းမလဲ ခေါင်းချင်း
ဆိုင်ဖြေရှင်းတာ ပိုအဆင်ပြေပါလိမ့်မယ်။

ဖြစ်လာမယ့် အကျိုးဆက်တွေကို တွေးပါ။ ပြီးပြီးသားကိစ္စကို ပြန်ဆွမနေပါနဲ့။ ပြီးပါစေတော့။
မှန်ကန်တဲ့ မေးခွန်းမျိုးကိုရွေးချယ်တတ်ပါစေ။ ထိရောက်တဲ့ မေးခွန်းကပဲ ပြဿနာလိုရင်းကို
ရောက်မှာလေ.. ဟုတ်တယ်မလား။ လူ့သဘာဝအရ တစ်ခုခုဖြစ်ရင် သူ့ဘက်က မှန်တယ်ဆိုတာပဲ
လိုချင်ပါတယ်။ မှန်တယ် ၊ မှားတယ်ဆိုတာကို ခွဲခြားနေတာထက် အဖြစ်သင့်ဆုံးနည်းလမ်းကို ရွေးချယ်ပြီး ဖြေရှင်းပါ။

Related image

နောက်ဆုံးပြောချင်တာကတော့ ယုံကြည်ချက်ရှိရှိနေပါ။ မှားနေရင်တောင် မျက်နှာကြောတင်းပြီး
ယုံကြည်မှုလွန်ကဲနေတဲ့ပုံစံမျိုးပြောတာမဟုတ်ဘူးနော်။ အလုပ်နဲ့ပတ်သတ်တဲ့ ကိုယ့်ရဲ့ယုံကြည်မှု
ဆိုတာ ရှိနေသေးသရွေ့ အခက်ခဲဆိုတာလည်း ကျော်လွှားနိုင်မှာသေချာပါတယ်။

37 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.