Son Ho Jun ရုပ်ရှင်ကို ရုံမှာကြည့်ပြီး အားပေးခဲ့တဲ့ Yunho

TVXQ အဖွဲ့ဝင် Yunho ကတော့ သူငယ်ချင်းဖြစ်သူ Son Ho Jun ရဲ့ရုပ်ရှင်ကို ရုံမှာသွားကြည့်ပြီး
အားပေးခဲ့ကြောင်း အင်စတာဂရမ်မှာတင်ထားခဲ့ပါတယ်။ Son Ho Jun ရဲ့ “A Diamond In The Rough ” ဟာ အမေတစ်ယောက်ရဲ့မေတ္တာတရားကို ခံစားသိရှိနိုင်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။

Yunho က ရုပ်ရှင်လက်မှတ်ပုံလေးကို အင်စတာဂရမ်မှာ hashtag လေးတွေနဲ့
#A Diamond in the Rough, #Our Ho Jun hyung လို့ caption လေး ထိုးထားပါတယ်။
သူငယ်ချင်းကို အမြဲတမ်းအားပေးနေမယ်လို့လည်း ပြောထားပါတယ်။

Image result for Yunho and Son Ho Jun

Yunho နဲ့ Son Ho Jun တို့နှစ်ယောက်လုံးဟာ Gwangju မြို့ သားတွေဖြစ်တာကြောင့် ကောင်းကောင်းရင်းနှီးကြပါတယ်။A Diamond in the Rough ရုပ်ရှင်ဟာ ဧပြီလ ၁၈ရက်ဆို ရုံတင်ပြသပြီဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.