စစ်မှုထမ်းရာကပြန်လာတာနဲ့ ဇာတ်လမ်းတွဲအသစ်ရိုက်ကူးတော့မယ့် မင်းသား Ji Chang Wook

တောင်ကိုရီးယားမင်းသားချောလေး Ji Chang Wook ကတော့ သူစစ်မှုထမ်းရာကနေ ပြန်လာတာနဲ့ အနားမယူတော့ပဲ ချက်ချင်းဇာတ်လမ်းတွဲအသစ်လေး
ရိုက်ကူးမယ့်ပုံပေါ်ပါတယ်။

ဧပြီ ၂၃ရက်နေ့၊မနက်ပိုင်းက Ji Chang Wook ရဲ့အေဂျင်စီ Glorious Entertainment က မင်းသားဆီကို ဇာတ်လမ်းတွဲအသစ်တစ်ခု ကမ်းလှမ်းလာကြောင်းပြောပြခဲ့ပြီး ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီးတာဝန်ရှိသူတစ်ယောက်ကလည်း “Ji Chang Wook ဟာ tvN က စနေတနင်္ဂနွေထုတ်လွှင့်ပြသမယ့် “Please Melt Me”(ယာယီနာမည်)ဇာတ်လမ်းတွဲနဲ့ပရိသတ်ရှေ့ကိုပြန်ရောက်ရှိလာတော့မှာပါ”လို့ပြောခဲ့ကြောင်းသိရပါတယ်။

“Please Melt Me”ဇာတ်လမ်းတွဲဟာ ၂၄ နာရီကြာအောင်အေးခဲနေရမယ့်ပရောဂျက်တစ်ခုမှာပါဝင်ဆောင်ရွက်ခဲ့ကြတဲ့အမျိုးသားတစ်ယောက်နဲ့
အမျိုးသမီးတစ်ယောက်၊ထူးဆန်းတဲ့အကြောင်းအရာတစ်ခုကြောင့် နောက်နှစ်ပေါင်း ၂၀အကျော်ကြာမှ ပြန်နိုးလာခဲ့တဲ့အဖြစ်အပျက်ကို ရိုက်ကူး
ပုံဖော်သွားမယ့်အချစ်ဟာသဇာတ်လမ်းပုံစံဖြစ်တယ်လို့သိရပါတယ်။

Ji Chang Wook ကိုတော့ နှစ် ၂၀ကျော်အေးခဲနေရတဲ့ အမျိုးသား Ma Dong Chan အဖြစ်သရုပ်ဆောင်ဖို့ကမ်းလှမ်းထားတာဖြစ်ပါတယ်။အခုလောလော
ဆယ်မှာတော့ Ji Chang Wook ဟာ စစ်မှုထမ်းဆောင်နေဆဲဖြစ်ပြီး ဧပြီ ၂၇ရက်နေ့မှ တာဝန်ပြီးဆုံးမှာဖြစ်ပါတယ်။ကဲ ပရိသတ်ကြီးရေ
သူ့ရဲ့ဇာတ်လမ်းတွဲအသစ်လေးကိုစောင့်မျှော်အားပေးဖို့ မမေ့နဲ့ဦးနော်

34 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.