ငရဲနဲ့တူတဲ့အခုလိုရာသီမှာ လုံးဝကိုသိထားရမဲ့အချက်တွေက…
အသက်ကို ဥာဏ်စောင့်ဆိုတဲ့ စကားအတိုင်း ကြောက်မက်ဖွယ်ရာ ရာသီဦးတုကြီးရဲ့ဒဏ်ကို အခုလို ခံစားနေရတဲ့ရာသီမှာ ကိုယ့်ရဲ့ကျန်းမာရေးကို
ကိုယ်က ပဲကိုယ့်အသိဥာဏ်နဲ့ဦးဆောင်ပြီးထိန်းထိန်းသိမ်းသိမ်းကြည့်နေရမှာပါ။
ငရဲတွင်းလို့ပူပြင်းလှတဲ့အချိန်ကာလကြီးမှာအသက်ကိုဥာဏ်စောင့်ရင်းနေနိုင်ကြပါစေ…
Unicode
အသက်ကို ဉာဏ်စောင့်ဆိုတဲ့ စကားအတိုင်း ကြောက်မက်ဖွယ်ရာ ရာသီဦးတုကြီးရဲ့ဒဏ်ကို အခုလို ခံစားနေရတဲ့ရာသီမှာ ကိုယ့်ရဲ့ကျန်းမာရေးကိုကိုယ်တိုင်အထူးဂရုစိုက်သင့်ပါတယ်။ အခုလတ်တလောဆိုရင်မြန်မာနိုင်ငံကြီးရဲ့တော်တော်များများနေရာတေ ွမှာ ပူတာထက်ကို ပိုပြီးပူပြင်းနေတာကိုလူတိုင်းလိုလိုခံစားမိကြမှာပါ။ပူပြင်းလွန်းတဲ့ဒဏ်ကြောင့် လူတိုင်းဆိုသလို ကိုယ်မလန်းစိတ်မလန်းနဲ့ နေ့ရက်တိုင်းကို ငြီးငွေ့ပူပြင်းစွာဖြတ်သန်းနေကြရပါတယ်။ စိတ်ပျက်စရာ ဒီလိုနေ့ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ်တစ်နိုင်တစ်ပိုင်လေးစောင့်ရှောက်နိုင်ဖို့အတွက် ငရဲလိုပူတဲ့နွေရာသီမှာ ဒီလိုအချက်လေးတွေကို သိရှိစေဖို့ Sharing လုပ်ပေးပါရစေ…(၁) အပူအ အေးမျှအောင်နေပါ။ သိပ်ကို အရေးကြီးပါတယ်နော်။ ပူလို့အိုက်လို့ဆိုပြီး အဲကွန်းတွေ၊ပန်ကာ တေ ွနဲ့နေလိုက် နေပူထဲ ကို ထွက်လိုက်နေတာမျိုးမဖြစ်ပါစေနဲ့။ အဲကွန်းကိုလည်းတစ်ဆုံးဖွင့်ထားပြီးနေပြီကာမှအပူထဲထွက်လိုက်တာမျိုးလည်းလုံးဝမလုပ်ပါနဲ့။ ချက်ချင်းဆိုသလိုဂန့်သွားနိုင်တာမလို့အပူအေးသင့်တင့်မျှတ အောင်နေပါ။(၂) ရေကိုများများသောက်ပါ။ ရေခဲရေမဟုတ်ပါဘူးနော် ရေပါရိုးရိုးရေပါ။ အပြင်ကပြန်လာလည်းရေသောက်ပါ။ အိမ်မှာ နေလည်း အဆင် ပြေရင်ပြေသလို ရေသောက်ပေးပါ။ပူပြင်းတဲ့ရာသီမှာ ရေများများသောက်ပေးခြင်းက ဆေးတစ်ခွက်လိုပါပဲ။(၃) ပါးလွှာပြီးလုံခြုံတဲ့အဝတ်စာမျိုးကိုဝတ်ပါ။ ပူလို့ဆိုပြီးအတိုတွေအပြတ်တွေကြီးဝတ်ပြန်ရင်လည်းနေရောင်ခြည်ရဲ့ဒဏ်ကြောင့်အသားရည်ဆိုးဝါးစွာထိခိုက်စေနိုင်တာမလို့ ပါးလွှာပြီး အသားရည်ကိုလုံခြုံမှုပေးနိုင်မဲ့အဝတ်စားမျိုးကိုရွေးချယ်ဝတ်သင့်ပါတယ်။(၄) ငန်လွန်းတဲ့အစားစာမျိုုး နဲ့အရက်သေစာများကို ရှောင်ရှားပါ။ ပူပြင်းလွန်းတဲ့ရာသီဟာ အသေကြေများတတ်ပါတယ်။ ရာသီဥတုပူနေတဲ့အချိန်အရက်သေစာသောက်စားမိလို့ဦးနှောက်သွေးကြောပျက်သွားတာမျိုး၊ အငန်အစားများလို့သွေးတိုးသေသွားတာမျိုး၊ ပန်ကာလေခံတာများပြီးလေဖြတ်သွားတာမျိုး …အို …စုံနေတာပါပဲကိုယ်က ပဲကိုယ့်အသိဉာဏ်နဲ့ဦးဆောင်ပြီးထိန်းထိန်းသိမ်းသိမ်းကြည့်နေရမှာပါ။ငရဲတွင်းလို့ပူပြင်းလှတဲ့အချိန်ကာလကြီးမှာအသက်ကိုဉာဏ်စောင့်ရင်းနေနိုင်ကြပါစေ…
1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.