လူတွေဆီက အကောင်းမြင်ခံရဖို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့ …

အလှူဒါန်းရက်ရောသူ ၊ ဒုက္ခရောက်ရင် ကူညီဖို့ ဝန်မလေးသူတစ်ယောက်မှာ စိတ်အနှောင့်ယှက်
ဖြစ်အောင် တိုက်ခိုက်တတ်တဲ့လူတွေဆိုတာ ရှိစမြဲပါ။ မင်းဘယ်လောက်ပဲကောင်းတာလုပ်လုပ်
အပြစ်မြင်တဲ့သူက မြင်နေမှာပါပဲ။

Image result for talking

ဘုရားမှာတောင် အမျိုးမျိုးလိုက်လံ ဖျက်ဆီးတတ်တဲ့လူတွေ ရှိသလို ကျွန်တော်တို့လို
သာမန်လူတွေမှာလည်း အနှောင့်ယှက်မကင်းတာ မဆန်းပါဘူး။ ဒါပေမယ့် ကိုယ်လုပ်စရာရှိတာကို
တော့ ဆက်လုပ်နေရမယ်မဟုတ်လား။ ခွေးဟောင်တိုင်းသာ ထကြည့်နေရင် မင်းအလုပ်ပြီးတော့
မှာကို မဟုတ်ဘူး။ တစ်ချို့ စိတ်အနှောင့်ယှက်ဖြစ်စရာတွေဟာ လစ်လျုရှုလိုက်တာ အကောင်းဆုံးပါပဲ။

မင်းဘာမင်း ထမင်းစားပြီး ရေသောက်နေတာတောင် သူတို့မျက်လုံးထဲ ကန့်လန့်ကြီးဖြစ်ချင်
ဖြစ်နေမှာပဲ။ တစ်ခုသိထားဖို့က လူတွေဟာ ကွယ်ရာရောက်ရင် မင်းမကောင်းကြောင်းတစ်ခု
တစ်လေတော့ ပြောဖူးကြမှာပဲ။ ခြောက်ပစ်ကင်း သဲလဲစင်ဆိုတာ ဘယ်သူမှမရှိဘူး။
ကိုယ်ကိုယ်တိုင်လည်း မှန်ကန်တဲ့လူတစ်ယောက်လားဆိုတော့လည်း မဟုတ်ပြန်ဘူး။

Image result for jealous people

တစ်ခါမြင်ဖူးရုံလေးနဲ့ အပေါ်ယံကြည့် ဝေဖန်သူတွေကိုလည်း တွေ့ဖူးတယ်။ အပြုမူတွေကြည့်ပြီး
လူတစ်ယောက်ကို ဆုံးဖြတ်ဖို့ သင့်လို့လား။ လူဆိုတာ ကြာကြာပေါင်းကြည့်မှ အကြောင်းသိတာ
လေ။ တစ်ချို့ ကြတော့လည်း အပြင်ပန်းမှာတော့ အရမ်းခင်ပြ နောက်ကွယ်မှာတော့
သူက ဘယ်လိုအရှုပ်ထုပ် ၊ ဘယ်လို အာရုံနောက်တယ်ဆိုတာကို အတင်းပြောတာတွေလည်း
တွေ့ဖူးတယ်။ ဒီလိုလူမျိုးဟာ မင်းနောက်ကွယ်မှာလည်း မင်းအကြောင်းပြောဖို့ကို ဝန်လေးမှာမဟုတ်ပါဘူး။

Related image

ကိုယ့်ဘာသာ အေးဆေးနေနေပေမယ့်လည်း သူတို့အတွက် အတင်းပြောစရာတစ်ခုဖြစ်လာတတ်
ပါတယ်။ ကဲ.. ဒီတော့ လူတွေထဲမှာနေတဲ့ လူသားတစ်ယောက်ပဲမို့ စိတ်ချင်းမတူရင်
အကုသိုလ်ကင်းအောင် ရေလိုက် ငါးလိုက်ပဲနေပါ။ တစ်ချို့ လူတွေကြတော့လည်း ခင်ဖို့ သိပ်
ကောင်းပါတယ်။ ကိုယ့်ရဲ့ဆွေမျိုးရင်းချာထက်တောင် ကောင်းနေတာတွေလည်း ကြုံဖူးတယ်။

လူတစ်ယောက်ဟာ ကိုယ့်အတွက် စိတ်အနှောင့်ယှက်ဖြစ်လာပြီဆိုရင် သူနဲ့ဝေးဝေးနေပါ။
နောက်ပြီး ဘယ်သူဆီရမှ အကောင်းမြင်ရဖို့ကို မမျှော်လင့်ပါနဲ့။ ကိုယ့်လမ်းကိုယ်လျှောက်ပြီး
လုပ်စရာရှိတာ ဆက်လုပ်ပါ။ နှောင့်ယှက်သူတွေကတော့ အမြဲရှိနေမှာပါပဲ…

70 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.