အလုပ်လုပ်ရင်း သီချင်းနားထောင်တဲ့အကျင့်က ကောင်းလား

အလုပ်လုပ်နေရင် အာရုံပိုစူးစိုက်မှုရှိအောင် တိတ်ဆိတ်နေမှ ပိုကောင်းတယ်ဆိုတာ မှန်ပါတယ်။
တချို့ တွေကြတော့ သီချင်းနားထောင်ရင်း အလုပ်လုပ်ရတာကို ပိုပြီးသဘောကျကြပါတယ်။
ဒီလို သီချင်းနားထောင်ရင်း လုပ်ရတာ အလုပ်ဖြစ်ရဲ့လားလို့ မေးလာကြတယ်။

တေးဂီတဟာ ဦးနှောက်ကို ကျန်းမာစေတယ်။ မိမိကြိုက်နှစ်သက်တဲ့ ဂီတသံစဉ်ကို ဖိစီးမှုတွေကြောင့် စိတ်ရှုပ်နေချိန် နားထောင်လိုက်တာက ပိုပြီးအာနိသင်ရှိစေပါတယ်တဲ့။ သီချင်းရဲ့အဓိပ္ပာယ်ကို နားမလည်ရင်တောင်မှ သံစဉ်ဟာ စီးမြောလို့ကောင်းရင် စိတ်ရော ၊
ဦးနှောက်ကိုပါ ကြည်လင်သာယာစေပါတယ်။

စိတ်မပါတဲ့ မနက်ခင်းတစ်ခုမှာ မြူးကြွတဲ့ သီချင်းသံစဉ်တစ်ပုဒ်ဟာ အားအင်တွေဖြည့်သွင်းပေး
နိုင်ပါတယ်။ ဘယ်လောက်ထိ စိတ်ဓာတ်တက်ကြွစေလဲဆိုရင် ဝေးကွာတဲ့ မိုင်ပေါင်များစွာကို အရှိန်ဟုန်နဲ့ ပြေးသွားနေသလိုပါပဲတဲ့။

သံစဉ်ကြောင့် အားအင်ပြည့်ရင် စိတ်ပျော်ရွှင်ရပါတယ်။ အလုပ်လုပ်နေရင်းဖြစ်စေ ၊ အလုပ်ပြီး
မြောက်သွားတဲ့အခါ ဖိစီးမှုတွေကို ဖြေဖျောက်တဲ့အနေနဲ့ သီချင်းလေး ၁-၂ ပုဒ်လောက် နားထောင်ပေးသင့်ပါတယ်။

စာသားမပါတဲ့ သီချင်းက ပိုပြီးအကျိုးသက်ရောက်မှုရှိ

Image result for people with headphones in front of computer

စာသားမပါပဲ တီးလုံးချည်းပဲလာတဲ့ သီချင်းတွေရှိပါတယ်။ ကိုယ်က လုပ်ရတာ ငြီးငွေ့လာပြီ ၊
အားလျော့ပြီး အိပ်ချင်နေတယ်ဆိုရင် မြူးကြွတဲ့ တေးသံလေးတွေ နားထောင်လိုက်ပါ။
ပုံမှန်အနေထားနဲ့ စိတ်ငြိမ်ငြိမ်လေးပဲ အေးဆေးအလုပ်လုပ်ချင်တယ်ဆိုရင်တော့ သာယာတဲ့ တီးလုံးလေးတွေ နားထောင်ပေးပါ။

စိတ်ရောကိုယ်ပါ လန်းဆန်းပြီး ကျန်းမာရေးအတွက် အထောက်ကူဖြစ်စေတဲ့ တေးဂီတဟာ
လူသားတွေအတွက် ဆေးဆိုလည်း မမှားပါဘူး။ အာရုံစူးစိုက်နိုင်စွမ်းတွေ ကောင်းမွန်လာပြီး
ဦးနှောက်က အိုင်ဒီယာတွေ ကောင်းကောင်းထုတ်လာနိုင်တယ်။ ဒါတင်မကပဲ နားထောင်နိုင်အား
ကောင်းလာအောင်လည်း ပျိုးထောင်ပေးနိုင်ပါသတဲ့။ လူတွေက နားထက် ပါးစပ်ကအလုပ်လုပ်တာ
များတယ်လေ။ စကားနည်းပြီး များများနားထောင်အောင်လည်း လေ့ကျင့်ပြီးသားဖြစ်စေပါတယ်။

အင်္ဂလိပ်သီချင်းကြိုက်သူဆိုရင်တော့ ဘာသာစကားလေ့လာပြီးသားလည်းဖြစ် ဦးနှောက်လည်း
အာဟာရဖြစ်စေတာပေါ့။ သံစဉ်တွေဟာ မင်းရဲ့ဦးနှောက်ကို အင်းအားအမြဲဖြည့်ဆည်းနေတာမို့ သီချင်းနားထောင်ပေးဖို့ မမေ့နဲ့နော်။

76 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.