Noah Centineo နဲ့ပတ်သက်လို့ ယူတို့မသိသေးတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေ…!

To All the Boys I’ve Loved Before ဇာတ်ကားနဲ့ မိန်းကလေးပရိသတ်တွေကြား အချိန်ခဏလေးအတွင်းရေပန်းစားလာသူကတော့ မင်းသား Noah Centineo ပဲဖြစ်ပါတယ်။သူနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာအကြောင်းအရာတွေကတော့ အပြည့်ပါပဲ။သူ့ကိုချစ်တဲ့ပရိသတ်တွေကတော့ သိချင်ကြမှာပါပဲနော်။
ဒါကြောင့် အနည်းငယ်မျှဝေပေးလိုက်ပါတယ်။

*Noah Centineo ရဲ့ နာမည်အရင်းက Noah Gregory Centineo ဖြစ်ပြီး ၁၉၉၆ မေလ ၉ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
*သူ့ရဲ့ အရပ်ဟာ ၆ပေ ၂လက်မတောင်ရှိပါတယ်။တစ်ခြားသူတွေနဲ့ယှဉ်လိုက်ရင် တော်တော်ကိုမြင့်မားတဲ့အရပ်အမောင်းပါပဲ။

*သူက အစကတုန်းက မင်းသားဖြစ်ဖို့ရည်ရွယ်လုပ်ခဲ့တာမဟုတ်ပါဘူး။သူတကယ်ဖြစ်ချင်တာက ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားဖြစ်ပါတယ်။
*သူ ပထမဆုံးမွေးဖူးတဲ့အိမ်မွေးတိရစ္ဆာန်လေးက ယုန်ဖြစ်ပြီး နာမည်ကို Princess လို့ပေးထားခဲ့ပါတယ်တဲ့။
*သူ့မျက်နှာမှာရှိနေတဲ့ အမာရွတ်လေးက သူ အသက် ၆နှစ်အရွယ်တုန်းက ခွေးလေးကုတ်လို့ရခဲ့တာဖြစ်ပါတယ်။

*Noah ဟာ Camila Cabello ရဲ့ “Havana” သီချင်းဗီဒီယိုမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။တစ်ချို့ပရိသတ်တွေကတော့ ဒါကိုသတိမထားမိခဲ့ကြပါဘူး။သူ့ကို
“To All the Boys I’ve Loved Before” မှာသာ သိခဲ့ကြတာပါ။
*Netflix ရဲ့ “To All the Boys I’ve Loved Before” မှာ သူပါဝင်သရုပ်ဆောင်ပြီးခဲ့တဲ့နောက် ၂၄ နာရီအတွင်းမှာပဲ အင်စတာဂရမ်မှာ ဖောလိုးဝါး ၁သန်း
ပြည့်သွားခဲ့ပါတယ်။

*သူ အများဆုံးသုံးဖြစ်တဲ့ အီမိုဂျီတစ်ခုက သွားလေးနှစ်ချောင်းထွက်နေပြီးမျက်မှန်တပ်ထားတဲ့အီမိုဂျီလေးပါတဲ့
*Noah ဟာ အားလပ်ချိန်မှာဆို တောင်တက်တာ၊တရားထိုင်တာ၊စာဖတ်တာ၊ဂစ်တာတီးတာစသဖြင့် လုပ်နေတတ်ပါတယ်။

*ဆိုရှယ်မီဒီယာပေါ်မှာ သူ့ကို Active ဖြစ်နေတာ တွေ့ရသလောက် တစ်ခါတစ်လေကျတော့လည်း အချိန်အကြာကြီး ဖုန်းကိုထိတောင်မထိတာမျိုးရှိပါတယ်တဲ့။
*သူ့ကို အသက် ၁၅ နှစ်အရွယ်တည်းက Mark Ruffalo နဲ့ နှိုင်းယှဉ်ပြောကြပါတယ်တဲ့။သူ့ရဲ့ပုံစံနဲ့အကျင့်စရိုက်ဟာ Mark Ruffalo နဲ့ ဆင်တူနေလို့လို့သိရပါတယ်။

27 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.