Siwon အတွက် သရေစာမုန့်တွေလက်ဆောင်ပို့ပေးခဲ့တဲ့ EXO အဖွဲ့ဝင် Sehun

အနုပညာရှင်တွေဆိုတာ အမြဲတမ်းစည်းလုံးချစ်ခင်နေတယ်ပဲပြောရမလား။နာမည်ကျော်ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EXO အဖွဲ့ဝင် Sehun ဟာ
Super Junior အဖွဲ့ဝင် Choi Siwon အတွက် သရေစာမုန့်တွေလက်ဆောင်ပို့ပေးခဲ့ပါသတဲ့။

Siwon က အခုလက်ရှိမှာ “My Fellow Citizens” ဇာတ်လမ်းတွဲကိုရိုက်ကူးနေတာဖြစ်ပါတယ်။Sehun က သူ့ရဲ့အစ်ကိုလိုချစ်ခင်ရတဲ့ Siwon တစ်ယောက်အားတင်းထားရအောင် မုန့်ပို့ပေးခဲ့တဲ့အပြင် ““Citizens, fighting! Siwon hyung, Fighting! ဆိုပြီး Citizens ရိုက်ကူးရေးအဖွဲ့သားတွေ၊အနုပညာရှင်တွေ အားတင်းထားဖို့ ထရပ်ကားမှာ စာလေးလည်းရေးထားခဲ့ပါသေးတယ်။

Siwon ကလည်း သူ့ရဲ့ရိုက်ကွင်းကိုရောက်လာတဲ့ သရေစာမုန့်ကားကြီးနဲ့အတူဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။ပြီးတော့ Sehun ကို Tag တွဲပြီး
“Sehun ရေ ကျေးဇူးပါ။ဒါလေးက ကျွန်တော့်အတွက် အများကြီးအဓိပ္ပာယ်ရှိပါတယ်။ကျေးဇူးတင်ပါတယ်။ချစ်လည်းချစ်ပါတယ် Bro “ဆိုပြီး ပြန်ရေးခဲ့တာ
မြင်တွေ့ရပါတယ်။ဘယ်လိုတွေတောင် အပြန်အလှန်ချစ်နေကြတာလဲ ဘရိုတို့ <3

https://www.instagram.com/p/BwijyZvpbwZ/?utm_source=ig_embed

“My Fellow Citizens” ဇာတ်လမ်းတွဲဟာ ဧပြီ ၁ရက်နေ့ကတည်းက ပြသနေပြီဖြစ်ပါတယ်။

27 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.