အရက်မူးလာရင် လူတွေ ဘာလို့ငိုကြတာလဲ

အရက်သေစာရဲ့လူတွေအပေါ် လွှမ်းမိုးမှုက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တစ်ချို့ က အရက်ဝင်သွားရင်
ပျော်ကြတယ်။ အချို့ က စိတ်ခံစားမှုတွေ ပြင်းထန်လာတယ်။ (ဝမ်းနည်းလာတာပေါ့ )
အရက်ရဲ့သဘောတရားအရ သူဟာစိတ်ကို လွတ်မြောက်စေတယ်။

Image result for drunk

သာမန်စိတ်အနေထားရှိတဲ့လူတစ်ယောက်ဟာ အရက်ဝင်သွားရင် အလွန်ကဲ ပျော်နေတတ်ပြီး
ဝမ်းနည်းစရာကိစ္စတွေနဲ့ ကြုံတွေ့နေရတဲ့လူဆို အရက်မူးတဲ့အခါ ထိန်းထားတဲ့ သူ့ရဲ့စိတ်ကို
လွတ်ချခွင့်ပေးလိုက်သလိုမျိုးပေါ့။ ဘယ်လောက် ထိန်းထိန်း အသိစိတ်က လွတ်သွားတဲ့အတွက်
နက်ရှိုင်းတဲ့ ခံစားမှုတွေဘက်ကိုပဲ ဦးတည်သွားပါတယ်။

Image result for Get Emotional When Drunk

အရက်တွေဟာ ခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့အခါ သွေးကြောတွေထဲ စီးဆင်းပြီး အူလမ်းကြောင်း
ကနေတဆင့် သွေးရည်ကြည်တွေထဲ ပျော်ဝင်သွားတယ်။ အဲ့ဒီအချိန်မှာ အကြောတွေ ထုံထိုင်း
လေးလံလာပြီး အာလေး လျှာလေးနဲ့ မျက်လုံးအကြည့်တွေပါ သိသိသာသာပြောင်းလဲလာတယ်။
ဦးနှောက်သွေးကြောတွေထဲ တိုက်ရိုက်စီးဆင်းလာချိန်မှာတော့ ကျွန်တော်တို့ရဲ့အမူရာ
စကားလုံးတွေ သိသိသာသာပြောင်းလဲလာပါတယ်။

Related image

အရက်ဟာ စိတ်လွတ်စေသလို ဦးနှောက်ရဲ့ဝေဖန်ပိုင်းခြားမှုပိုင်းကိုလည်း သက်ရောက်စေပါတယ်။
ဒါကြောင့် အရက်မူးရင် စဉ်းစားဆင်ခြင်ဥာဏ်နည်းပြီး မှားကြတာပေါ့။ အနည်းဆုံးတော့
အရက်ဟာ လူတွေရဲ့စိတ်ထွက်ပေါက် ၊ စိတ်သက်သာစေတဲ့ အရည်တစ်မျိုးပါ။ ကိုယ့် Limit ကိုယ်သိတဲ့လူဟာ အရက်သောက်ထားလည်း သူ့ကိုယ်သူ ထိန်းနိုင်တယ်။ ဟန်မပျက်ဘူးပေါ့။

ပြီးခဲ့တဲ့ သင်္ကြန်မှာတောင် မူးပြီးငိုနေကြတဲ့ ဗီဒီယိုတွေ ကြည့်မိတော့
သူတို့ဘယ်လိုတွေများ​ ဝမ်းနည်းစရာကောင်းတဲ့အချစ်ရေးကို ကြုံခဲ့မိလို့လဲလို့ စဉ်းစားမိတယ်။
ရေစိုပြီး မူးနေချိန်မှာ အဆွေးသီချင်းတွေကြောင့် ထိန်းထားတဲ့စိတ်တွေ လွတ်ချလိုက်ချိန်
ရင်ထဲဘယ်လောက် ပူဆွေးနေလည်း ကိုယ်ချင်းစာမိပါတယ်။ ဒီလိုဝမ်းနည်းမှုတွေကို
အပြင်ဖွင့်ထုတ်လိုက်မှ သက်သာမှာပေါ့။ တစ်ခါတစ်လေလည်း စိတ်တွေ ဖွင့်ထုတ်ပစ်ဖို့
လိုအပ်ပါတယ်လေ..

154 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.