မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာသွင်ပြင်ကို ပိုမိုကြည့်ကောင်းစေတဲ့ ပြင်ဆင်ခြယ်သမှုတွေထဲမှာ မျက်ခုံးမွှေးဆွဲတာဟာ တစ်ခုအပါအ၀င်ပါ။ မျက်ခုံးထူထူဆွဲရတာ ကြိုက်နှစ်သက်တဲ့ ပျိုမေတွေရှိသလို၊ ကိုယ့်မှာရှိပြီးသား မျက်ခုံးမွှေးကိုပဲ မထူမပါး ခြယ်သရတာကို နှစ်ခြိုက်တဲ့ ပျိုမေတွေလည်း အများကြီးပါ။ နိုင်ငံတကာက အနုပညာရှင်တွေထဲမှာလည်း လှပတဲ့ မျက်ခုံးမွှေးကို ပိုင်ဆိုင်ထားသူတွေရှိပါတယ်။ သူတို့တွေထဲကမှ အမိုက်စားအနုပညာရှင်တွေကို ရွေးချယ်ကြည့်လိုက်တဲ့အခါ
၁။ နာမည်ကြီး မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Cara Delevingne ရဲ့ ဆွဲဆောင်အားပြင်းတဲ့အရာတွေထဲမှာ သူမရဲ့ မျက်ခုံးမွှေးကြောင့်လည်း ပါတယ်လို့ ဆိုကြပါတယ်။ သူ့ကို လူပိုသိသွားစေတာကလည်း မျက်ခုံးမွှေးကြောင့်ပါတဲ့။
၂။အလွန်အကျူး ခြယ်သရခြင်းကို မနှစ်ခြိုက်တဲ့ Camilla Belle ကတော့ မျက်ခုံးမွှေးဆွဲတာကိုပဲ အဓိက ပြင်ဆင် ဖြစ်တယ်လို့ ဖွင့်ဟသွားပါတယ်။
၃။ထသွားထလာ အချိန်တွေမှာ မိတ်ကပ်မလိမ်းပဲ မျက်ခုံးမွှေးသာ ဆွဲလေ့ရှိတဲ့ Lily Collins ရဲ့ ကျော့ရှင်းနေတဲ့ မျက်နှာလေးကို ကြည့်လိုက်ပါဦး။ ဘယ်လောက်ချစ်ဖို့ကောင်းပါသလဲ။
၎။အိုင်းလိုင်နာနဲ့ မျက်ခုံးမွှေးကို အပိုအလိုမရှိ ဟန်ချက်ညီညီအမြဲ ခြယ်သတတ်တဲ့ Sarah Hyland ရဲ့ အလှအပ လျှို့ဝှက်ချက်ကလည်း မျက်ခုံးမွှေးကို သေသေသပ်သပ် ဆွဲခြင်းပါပဲတဲ့။
၅။သူများတွေနဲ့ မတူ တမူထူးခြားအောင် နေလေ့ရှိတဲ့ Ashley Olsen ကတော့ မျက်ခုံးမွှေးကို မျက်ခုံးမွှေးဆွဲတံမှာပါတဲ့ ဘရက်ရှ်ကိုသုံးပြီး ခုလို အပြားကြီးကြီးရအောင် ခြယ်သလေ့ရှိပါတယ်။
Ref:luckymag.com