Blue Caprice (2013)

blue-caprice.png

အပါယ်ခံလူငယ်လေး Lee Malvo (Tequan Richmond) တစ်ယောက် America  ကို မျှော်လင့်ချက်နဲ့ ရောက်လာပြီး အဖေတစ်ယောက်လို လေးစားချစ်ခင်ရတဲ့ John Allen Muhammed (Isaiah Washington) နဲ့တွေ့ပြီး အဲဒီလူရဲ့ ဆိုးဝါးတဲ့အရိပ်မည်းတွေအောက် ရောက်ခဲ့ရတဲ့ အကြောင်းပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ ၂၀၀၂ Beltway Sniper ပစ်ခတ်မှုကို အခြေခံထားပါတယ်။ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်က တရားခံနှစ်ယောက်ရဲ့ စိတ်ကူးအတွေး၊ ခံစားမှုတွေကို တွေးခေါ်မှန်းဆပြီး New Yorkု မြို့အခြေစိုက် ပြင်သစ်လူမျိုး ဒါရိုက်တာ Alexandre Moors က ရုပ်ရှင်လုပ်ထားတာပါ။ ဒီဇာတ်ကားမှာ ဒါရိုက်တာ Moors ဟာ John Allen Muhammad နဲ့

သူ့ရဲ့(၁၇)နှစ်သား နောက်လိုက် Lee Malvo တို့ရဲ့  Washington D.C, Maryland နဲ့ Virginia ပြည်နယ်များမှာ လူ၁၀ရောက်သေဆုံးခဲ့တဲ့ သုံးပတ်ကြာပစ်ခတ်မှုအကြောင်းကိုဦးစားပေးတင်ဆက်မထားဘဲလူသတ်သမားတစ်ယောက် ဘယ်လိုစဖြစ်လာသလဲဆိုတဲ့ ကြေကွဲစရာဖြစ်ရပ်မျိုးကို အဓိကထားပုံ ရပါတယ်။

ဒီဇာတ်ကားကို အမေတစ်ယောက်ရဲ့ စွန့်ပစ်တာကိုခံရပြီး တစ်ကိုယ်တည်း အထီးကျန်ဖြစ်နေတဲ့ လူငယ်လေး Malvo ရဲ့ Antigua ကျွန်းပေါ်ကလူငယ်ဘ၀မြင်ကွင်းနဲ့စထားပါတယ်။ Malvo ကို သူ့အမေနဲ့ သိကျွမ်းခဲ့ဖူးတဲ့ Muhammad က သားအဖြစ်နဲ့ မွေးစားခဲ့ပါတယ်။ အဲဒီ့အချိန်မှာ Muhammad က သူ့ရဲ့ဇနီးဟောင်းနဲ့ သားသမီးအုပ်ထိန်းပိုင်ခွင့် ပြဿနာဖြစ်ရာကနေပြီး သူ့ဇနီးဟောင်းက အနိုင်ရသွားခဲ့ပါတယ်။

အဲဒီရှုံးနိမ့်မှုအတွက် လက်စားချေလိုစိတ်ပြင်းထန်နေတဲ့ Muhammad ဟာ Malvo ကိုခေါ်ပြီး အမေရိကန်နိုင်ငံကို ထွက်သွားခဲ့ပါတယ်။

Muhammad က Malvo ရဲ့သစ္စာရှိမှုကို စမ်းသပ်တဲ့အနေနဲ့ သားသမီးအုပ်ထိန်းပိုင်ခွင့် ပြဿနာမှာ သူ့ကိုဆန့််ကျင်ပြီး သက်သေထွက်ဆိုခဲ့တဲ့မိန်းမကို သတ်ခိုင်းခဲ့ပါတယ်။        

စကားနည်းတဲ့ Malvo လေးကတော့ တပည့်တစ်ယောက်အဖြစ် သူ့ရဲ့အသုံးဝင်မှုနဲ့ သင်ယူလိုစိတ်ကို သက်သေပြခဲ့ပါတယ်။ အမုန်းတရားတွေ ရင်မှာပြည့်နှက်နေတဲ့  Muhammad  နဲ့ Malvo တို့နှစ်ယောက်ရဲ့ နေရာမှာ Washington နဲ့ Richmond တို့က အပီအပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

 (Ref: Wikipedia, Rolling Stone, Imdb)

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.