အိပ်ပျော်နေရင်းဟောက်တတ်တဲ့အကျင့်ကို ဖျောက်ပေးနိုင်တဲ့ အစားအစာတွေ…

လူတိုင်းနီးပါးကတော့ဟောက်ကြတာပါပဲ။ဒါပေမဲ့ နည်းနည်းဟောက်တာနဲ့ သူများအိပ်မရအောင် ဟောက်တာ ကွာတာပေါ့လေ။ဒီလို
ဟောက်တာက ကျန်းမာရေးအရကြည့်မယ်ဆိုရင်မကောင်းပါဘူး။ဒါ့အပြင် သူများကိုလည်းအနှောင့်အယှက်ပေးရာကျပါတယ်။ပြီးတော့
ကိုယ်က ညဘက်အိပ်ရင်ဟောက်တတ်တဲ့သူဆို ဘယ်လိုနည်းလမ်းတွေနဲ့ ဟောက်တာကိုရပ်တန့်ရမလဲသိထားဖို့လိုပါတယ်။ဒါကြောင့်
စာဖတ်သူတွေအတွက် ကျွန်တော်က ဟောက်တတ်တဲ့အကျင့်ကို တားဆီးဖြေဖျောက်ပေးနိုင်တဲ့အစားအစာလေးတွေအကြောင်း
ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။

ပျားရည်

ပျားရည်ဟာ အအေးမိဝေဒနာတွေ၊ကူးစက်ရောဂါတွေကိုတောင်ပျောက်ကင်းစေနိုင်တဲ့အထိ ဘတ်တီးရီးယားတွေကိုဖယ်ရှားပေးနိုင်ပါတယ်။
ပျားရည်ကို မအိပ်ခင် စားပွဲတင်ဇွန်း ၁ဇွန်းစာလောက်ပုံမှန်စားပေးမယ်ဆိုရင် အသက်ရှုလမ်းကြောင်းက ဖြောင့်တန်းသွားပြီး လေကောင်းကောင်း
ဝင်နိုင်တဲ့အတွက် ဟောက်တာမျိုးမဖြစ်စေတော့ပါဘူး။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာလည်း ကိုယ်ခံအားကောင်းမွန်စေတဲ့အတွက် ညအိပ်ရာဝင်ခါနီး တစ်မွှာ နှစ်မွှာစားပေးတာမျိုး၊ကြက်သွန်ဖြူနဲ့လုပ်ထားတဲ့ဆေးဝါးတွေ
မှီဝဲတာမျိုးလုပ်ပေးမယ်ဆိုရင် အသက်ရှုလမ်းကြောင်းကောင်းမွန်စေပြီး ဟောက်တာကိုလျော့နည်းသက်သာသွားစေပါတယ်။

နနွင်းမှုန့်နဲ့ နွားနို့

နနွင်းမှုန့်ဟာ အသက်ရှုလမ်းကြောင်းနဲ့လည်ပင်းကြွက်သားတွေအတွက်ကောင်းမွန်စေပါတယ်။ညအိပ်ရာမ၀င်ခင် နွားနို့ပူပူလေးတစ်ခွက်ထဲကို နနွင်းမှုန့်
စားပွဲတင်ဇွန်းတစ်ဇွန်းစာလောက်ထည့်ပြီးသောက်ပေးမယ်ဆိုရင် ညဘက်ကောင်းမွန်စွာအိပ်ပျော်စေပါတယ်။

ငါး
င်္Fatty Acid နဲ့ ပရိုတင်းဓာတ်ပြည့်ဝစွာပါဝင်တဲ့ငါးကို တစ်ပတ်သုံးလေးခါလောက် ချက်ပြုတ်စားသောက်ပေးတာကလည်း ဟောက်တတ်တဲ့အကျင့်ကို
ဖျောက်ဖို့ ကူညီပေးနိုင်ပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီက ကြက်သွန်ဖြူလိုပဲ ဘတ်တီးရီးယားတွေကိုခုခံကာကွယ်နိုင်ပြီး လည်ချောင်း၊နှာခေါင်းနဲ့ပတ်သက်လို့ အထူးကောင်းမွန်စေပါတယ်။ကြက်သွန်နီကို
ပါးပါးလှီးပြီးသုပ်စားတာဖြစ်စေ ၊ ဟင်းချက်တဲ့အခါ များများထည့်ချက်တာဖြစ်စေ စားသောက်ပေးမယ်ဆိုရင်ပိုပြီးကောင်းပါတယ်။

နာနတ်သီး
နာနတ်သီးဟာလည်း နှာခေါင်းနဲ့လည်ချောင်းကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။အစာလည်းကြေလွယ်တဲ့အတွက် ညဘက် ညစာစားပြီးချိန်
ပုံမှန်စားပေးမယ်ဆိုရင် ဟောက်တတ်တာကိုလည်း ဖျောက်ပြီးသားဖြစ်စေသလို ကိုယ်ခံအားလည်းပိုပြီးကောင်းလာစေပါတယ်။

လက်ဖက်ရည်

နွေးထွေးတဲ့လက်ဖက်ရည်တစ်ခွက်ဟာ အလုပ်ပင်ပန်းလာတာတွေကိုဖြေဖျောက်ပေးနိုင်သလို နှာခေါင်းနဲ့လည်ချောင်းလမ်းကြောင်းကိုဖွင့်ပေးပါတယ်။
ဒါပေမဲ့ အများကြီးမသောက်မိဖို့လည်းသတိထားပါ။ကဖင်းဓာတ်များရင်အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ညအိပ်ခါနီးမှ ကပ်သောက်တာမျိုး
မလုပ်ပဲ ည ၈ နာရီ ၉နာရီလောက်သောက်ပေးတာမျိုးလုပ်ပေးပါ။

ဒီနည်းလေးတွေကို နေ့တိုင်းဖြစ်စေ တစ်ပတ်သုံးလေးခါဖြစ်စေ ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် အိပ်နေရင်းဟောက်တတ်တဲ့အကျင့် ပျောက်သွားမှာပဲဖြစ်ပါတယ်။

Source:food.ndtv

92 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.