ဇာတ်လမ်းတွဲအသစ်မှာ မြင်တွေ့ရမယ့် မင်းသား Song Joong Ki ရဲ့ ဆွဲဆောင်မှုရှိလှတဲ့ပုံရိပ်တွေ…

ယူတို့ရဲ့ အိုပါးကတော့  အမိုက်စားပုံလေးတွေနဲ့ ပရိသတ်တွေအသည်းခြွေချလိုက်ပြန်ပါပြီ။

ပရိသတ်တွေအချစ်ဆုံးတောင်ကိုရီးယားမင်းသမီးချော Song Hye Kyo ကို အပိုင်သိမ်းအရယူသွားနိုင်ခဲ့တဲ့ မင်းသားချောလေး Song Joong Ki ဟာ
အခုထိတိုင်အောင် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်နေတုန်းပါပဲ။“Descendants of the Sun”ဇာတ်လမ်းတွဲအပြီး သုံးနှစ်နီးပါးကြာမှ ပြန်လည်ရိုက်ကူး
ထားတဲ့ သူ့ရဲ့ဇာတ်လမ်းတွဲသစ် “Arthdal Chronicles”ဟာ မကြာခင်အချိန်အတောအတွင်းထွက်ရှိလာတော့မှာဖြစ်ပြီး ဧပြီ ၁၇ရက်နေ့ကတော့ tvN က
Song Joong Ki ရဲ့ ရိုက်ကွင်းပုံရိပ်တွေကို တင်ပေးလာခဲ့ပါတယ်။

အဲ့ဒီပုံတွေမှာဆိုရင် Song Joong Ki ကို နုဖတ်ချောမောနေတဲ့အသွင်ပုံစံမျိုးမဟုတ်ပဲ တမူထူးခြားဆွဲဆောင်မှုရှိတဲ့အသွင်သဏ္ဏာန်မျိုးနဲ့ မြင်တွေ့ရပါတယ်။“Arthdal Chronicles” ဇာတ်လမ်းတွဲဟာ ဂျိုဆွန်းခေတ်က Arthdal ဆိုတဲ့ ထူးဆန်းတဲ့မြို့လေးအကြောင်း ရသစုံလင်စွာနဲ့ရိုက်ကူးသွားမယ့်စိတ်ကူးယဉ်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာဆိုရင် ပရိသတ်တွေအခုထိတိုင်ကြိုက်နှစ်သက်နေကြဆဲဖြစ်တဲ့ Jang Dong Gun နဲ့ မင်းသမီးချောလေး Kim Ji Won ကိုပါမြင်တွေ့ရဦးမှာပါ။

tvN ကနေ ထွက်ရှိလာမယ့် ဇာတ်လမ်းတွဲသစ် “Arthdal Chronicles” ရဲ့ ပထမဆုံး Teaser လေးကလည်း ထွက်ရှိလာပါပြီ။ဇွန်လထဲမှာတော့ ဒီဇာတ်လမ်းတွဲပြသနိုင်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။Teaser လေးလည်းကြည့်ရင်း Song Joong Ki ရဲ့ ပုံလေးတွေကိုလည်းကြွေရင်း စောင့်မျှော်အားပေးကြဦးနော်

38 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.