ခြေ ထောက်ကို အ ပေါ် ထောင် မြှောက်ပေးခြင်းကြောင့် ဒီလိုအကျိုးကျေးဇူးတွေရရှိစေနိုင်…

ခြေထောက်နှစ်ဖက်ကိုတစ်နေ့မိနစ်၂၀ထောင်ထောင်ပေးရင်ဒီလိုအကျိုးလေးတွေခံစားနိုင်ပါတယ်…
(၁) ခြေသလုံးကြွ က်သားသေးသွယ်ခြင်း

ခြေသလုံးသေးသွယ်ခြင်း  တစ်နေ့ကို မိနစ်၂၀ခြေထောက်ထောင်ထောင်ပေးခြင်းဟာ ခြေသလုံးကြွက်သားတွေကို ပျော့ပျောင်းစေပြီး ကျစ်လျစ်စေပါတယ်။အထူးသဖြင့် ခြေသလုံးသားကြီးတင်းပြီးတုတ်နေတာမျိုးတွေကို ဖြေလျော့ပေးနိုင်တာတော့အသေချာပါပဲ။

(၂) အမြင့်စီးလည်းနာကျင်ခြင်းမရှိပဲ ပေါ့ပါးခြင်း

အမြင့်စီးလည်းနာကျင်ခြင်းမရှိပဲ ပေါ့ပါးခြင်း လေ့ကျင့်ခန်းလုပ်သလိုဖြစ်တာကြောင့် အကြောပြေပြီး ဘယ်ဖိနပ်ပဲစီးစီးခြေထောက်နာတာမျိုး အကြောထောင်တာမျိုးတွေမဖြစ်စေပဲ ပေါ့ပေါ့ပါးပါးစီးနိုင်ပါတယ်။

(၃) ဗိုက်အဆီကျခြင်း

 ဗိုက်အဆီကျခြင်း တကယ်ကိုကောင်းတဲ့အကျိုးကျေးဇူးပါပဲ။ တကယ်လည်း ဗိုက်သားတွေကျတာ လက်တွေ့မလို့ အများကြီးပြောမနေတော့ဘူး လုပ်သာကြည့်လိုက်ကြပါ။

(၄) စိတ်ဖိစီးမှု လျော့နည်းခြင်း

 စိတ်ဖိစီးမှုလျော့နည်းခြင်း  စိတ်ဖိစီးမှုဆိုတာထက် ဒေါသထွက်လွယ်တာမျိုး၊ စိတ်ရှုပ်လွယ်တာမျိုးတွေကို လျော့ချပေးနိုင်ပြီးတော်ရုံနဲ့စိတ်ကို ထိန်းချုပ်သွားနိုင်တဲ့လေ့ကျင့်ခန်းတစ်ခုဆိုလည်းမမှားပါဘူး။

(၅) ကောင်းမွန်စွာအိပ်ပျော်ခြင်း

ကောင်းမွန်စွာအိပ်ပျော်ခြင်း    ညဘက်မျက်လုံးကျယ်နေတာမျိုး အိပ်မရတာမျိုးတွေကို မဖြစ်စေပဲကောင်းမွန်စွာနှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်စေပါတယ်။မနက်နိုးလာတဲ့အခါလည်းခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးပြီးလန်းဆန်းလာမှာအသေချာပါပဲ။

438 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.