” Kill This Love” သီချင်းနဲ့ အမိုက်စားဖျော်ဖြေခဲ့တဲ့ Lisa ရဲ့အနက်ရောင်ဖက်ရှင်

ပရိတ်သတ်တွေအားရ ကျေနပ်အောင် အကောင်းဆုံးသီချင်းတွေနဲ့ပြန်လာခဲ့မယ်လို့
ကတိပေးထားတဲ့အတိုင်း Blackpink ကတော့ ” Kill This Love” သီချင်းနဲ့ ထိမိအောင်လုပ်သွားပြန်ပါပြီ။

သီချင်းဗီဒီယိုထွက်ရှိပြီး မကြာခင်က ဖျော်ဖြေပွဲတစ်ခုမှာ Lisa ရဲ့အနက်ရောင်ဖက်ရှင်က
ပရိတ်သတ်တွေကို ရူးခါစေခဲ့တယ်။ crop t-shirt အနက်ရောင် ၊ ဘောင်းဘီအနက် ၊
boot အနက်နဲ့ ကုတ်အကျီ င်္အနက်ရောင်တို့ဟာ သူမကို စမတ်ကျစေခဲ့တယ်။

” Kill This Love” သံစဉ်တွေနဲ့ သူမရဲ့လှုပ်ရှားမှု ကကွက်တိုင်းဟာ ပရိတ်သတ်တွေမျက်လုံး
ခွာတောင်မခွာချင်အောင် ဆွဲဆောင်ပစ်နိုင်လွန်းခဲ့တယ်။ သူမတစ်ယောက်တည်းကိုပဲ
သီးသန့်ရိုက်ထားတဲ့ ဗီဒီယိုလေးဟာ တစ်ရက်အတွင်းမှာတင် ၂မီလီလျံထိတောင် ကြည့်ရှုသူတွေရှိခဲ့ပါတယ်။

သူမရဲ့သီးသန့်ဗီဒီယိုလေးကို မကြည့်ရသေးသူတွေအတွက် တင်ပေးလိုက်တယ်နော်။

24 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.