အငန်(ဆား)များများစားတဲ့အခါ ခန္ဓာကိုယ်ကြီးက ဘာတွေဖြစ်လာနိုင်လဲ?

ချိုချဉ်ငန်စပ်မပါပြန်ရင်လည်း အစားအစာတွေက အရသာရှိတော့မှာမဟုတ်ပါဘူး။ဒါပေမဲ့လည်း ကိုယ်က ဘာစားစား ငန်ငန်လေးမှကြိုက်တယ်၊အငန်များများ
ထည့်တတ်တဲ့သူဆိုရင် ဒီလိုအကြောင်းအရာလေးတွေသိထားဖို့လိုပါတယ်။ဘာစားစား ဆားများများထည့်စားတတ်တာဟာ ခန္ဓာကိုယ်မှာ ဘယ်လိုသက်ရောက်မှုတွေရှိလာတတ်လဲ?

အငန်ဓာတ်ပါဝင်တဲ့အစားအသောက်တွေကိုစားတာနဲ့ပတ်သက်ပြီး လူတော်တော်များများယုံကြည်ထားတာက ဆားစားသုံးမှုများတဲ့အခါ ခန္ဓာကိုယ်မှာမကောင်းတဲ့အရာတွေဖြစ်လာပါတယ်။သွေးဖိအားတွေများလာတာ၊အသည်းရောဂါ၊ကျောက်ကပ်ရောဂါတွေဖြစ်လာတာမျိုးပေါ့။အငန်ဓာတ်များလာတဲ့အခါ ခန္ဓာကိုယ်ထဲမှာစုပုံပြီး အဆိပ်အတောက်ဖြစ်လာတယ်လို့ ယုံကြည်ထားကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုဆားပါဝင်မှုများတဲ့အစားအသောက်တွေနဲ့ပတ်သက်ပြီး Nutrition Diva က Monica Reinagel ဟာ သူမရဲ့နောက်ဆုံးလေ့လာတွေ့ရှိချက်တွေကို ပြောပြခဲ့ပါတယ်။သူမရဲ့အဆိုအရတော့ အငန်ဓာတ်များတဲ့အစားအစာတွေကိုစားမိတဲ့အခါ ပိုပြီးဗိုက်ဆာလာသလို ကယ်လိုရီလောင်ကျွမ်းမှုနှုန်းလည်းပိုတိုးလာတယ်လို့သိရပါတယ်။အစားအစာထဲမှာအငန်ဓာတ်များလာလေ ဆီးသွားနှုန်းလည်းများလာပါတယ်။ရေသောက်နည်းရင်တောင် ဆီးသွားနှုန်းများပြီး ခန္ဓာကိုယ်ထဲကပိုလျှံနေတဲ့အငန်ဓာတ်၊ဆားဓာတ်တွေဟာ ဆီးကနေတစ်ဆင့်ခန္ဓာကိုယ်ပြင်ပကို ထွက်သွားတယ်လို့လည်းသူမက ဆိုထားပါတယ်။

ဒီလိုလေ့လာပြောပြထားချက်တွေအရဆိုရင်တော့ အငန်ဓာတ်များတဲ့အစားအစာတွေစားသုံးတာဟာ ခန္ဓာကိုယ်ကိုမထိခိုက်နိုင်ဘူးဆိုတဲ့သဘောသက်ရောက်နေပါတယ်။သို့သော်လည်း ဘာပဲစားစားဆားက ကျန်းမာရေးမ ကောင်းစေတဲ့အရာကြီးလို့တစ်ဖက်သတ်ယုံကြည်ထားပြီး လုံးဝမစားတာမျိုးမလုပ်ပဲ ချိုချဉ်ငန်စပ် အရသာမျှတအောင်စားသုံးသင့်တယ်လို့အကြံပေးထားပါတယ်။ခန္ဓာကိုယ်ကခုခံကာကွယ်နိုင်တယ်ဆိုပေမဲ့လည်း လိုတာထက် များလာရင်တော့ တုံ့ပြန်ကာကွယ်ဖို့ မလွယ်ကူနိုင်ပါဘူး။ဒါကြောင့် ကိုယ်က အငန်ကြိုက်တယ်ဆိုရင်တောင် သင့်တင့်မျှတရုံပဲ စားပြီး ကိုယ့်ခန္ဓာကိုယ်ကျန်းမာအောင်ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။

29 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.