ယောက်ျားလေးတွေနားလည်ဖို့မလွယ်တဲ့မိန်းမသားတို့အ ကြောင်း

ယောင်္ကျားလေးတော်တော်များများဟာ မိန်းကလေးတွေရဲ့တစ်ချို့သောခက်ခဲနက်နဲပြီးအဖြေရှာရခက်တဲ့ကိစ္စလေးတွေကို နားမလည်တတ်ကြပါဘူး။ ဆိုတော့ သူတို့နားလည်ရခက်တဲ့ မိန်းကလေးတွေရဲ့ ကိစ္စတစ်ချို့ကဘာတွေလဲဆိုတာ…
(၁) မိတ်ကပ်အမျိုးမျိုးနဲ့ ရုပ်ပြောင်းရုပ် လွှဲလုပ်တတ်တာ

မိတ်ကပ်နဲ့ရုပ်အမျိုးမျိုးပြောင်းလဲတတ်တာမိန်းကလေးတော်တော်များများက အလှပြင်တဲ့နေရာမှာသိပ်ကိုပြောင်မြောက်ထူးချွန်လှပါတယ်။ ယောင်္ကျားလေးတွေ မယုံနိုင်လောက်အောင်ကို မျက်နှာပုံစံတွေ အသားရောင်တွေကို Changes လုပ်နိုင်တာကြောင့် မိန်းကလေးတွေရဲ့မိတ်ကပ်တွေနဲ့ပြောင်းလဲမှုဟာ သူတို့အတွက်နားလည်ရခက်တဲ့ အရာကြီးတွေထဲမှာတစ်ခုအပါအ၀င်ပါပဲ။

(၂) ဓမ္မတာလာချိန်တိုင်းစိတ်တိုခံစားနေတတ်ကြတာ

တစ်လတစ်ခါဓမ္မတာလာစဉ်မှာစိတ်တိုဒေါသဖြစ်ပြီးနာကျင်ခံစားရတာတစ်လတစ်ခါဓမ္မတာလာလို့နာကျင်ခံစားရတဲ့အခါ ဒီဒုက္ခကြီးကိုယောင်္ကျားသားတွေကတော်ရုံနဲ့နားလည်ပေးရခက်တတ်ကြပါတယ်။ ဘာကြောင့်ဒီလောက်တောင်နာကျင်ရတာလည်း ဘာလို့ဒီလိုအချိန်ဆိုစိတ်တွေဆိုးတတ်ကြတာလည်းဆိုတာကို မိန်းကလေးတွေကယောင်္ကျားလေးတွေနားလည်လွယ်အောင်ဘယ်လိုမှရှင်းပြလို့မရတဲ့ခက်ခဲတဲ့ကိစ္စတစ်ခုပါ။

(၃) အိတ်တွေအများကြီးကိုမလိုလည်းဝယ်စုထားတတ်တာ

အိတ်တွေကိုအများကြီးဝယ်ဝယ်ပြီးစုထားတတ်တာအထူးသဖြင့် အိတ်တွေကြိုက်တဲ့မိန်းကလေးအများစုရဲ့အကျင့်ဆိုပေမဲ့တော်တော်များများမိန်းကလေးတိုင်းဟာ အိတ်တွေကို မလိုပဲဝယ်တစ်ခါလောက်လွယ်ပြီးတာနဲ့တစ်နေရာမှာ အိတ်တွေကြီးထပ်ထပ်ဝယ်ကာစုထားတတ်ကြပါတယ်။ ဘာလုပ်မှန်းမသိတဲ့အကျင့်တစ်ခုဖြစ်ပေမဲ့ တော်တော်များများမိန်းကလေးတွေရဲ့အကျင့်လို့ပြောရမယ်။ ဒီလိုမလိုတာတွေဝယ်ပြီးပုံစုထားတတ်တာလည်းကောင်လေးတွေနားလည်ရခက်တဲ့ကိစ္စတစ်ရပ်ပါ။

(၄) ရေချိုးခန်းထဲမှာ အချိန်အကြာကြီးအကုန်ခံတာ

ရေချိုးခန်းထဲမှာအချိန်များများကုန်တတ်တာ မိန်းကလေးတွေကယောင်္ကျားလေးတွေထပ်ရေချိုးကြာတာအသေချာပါပဲ။ တစ်နေ့တစ်ခါရေချိုး ချေးတွန်း လုပ်နေကြပေမဲ့လည်း တစ်ခါတစ်ခါရေချိုးရင် ဆပ်ပြာတိုက်လို့မပြီးရေးချိုးလို့မပြီးအေးဆေးစိမ်ပြေလပြေနဲ့သီချင်းလေးတစ်အေးအေးဆိုကာရေချိုးတတ်တဲ့အပြုမူကိုလည်းနားလည်ရခက်တတ်ကြပါတယ်။

(၅) အင်း…ကျွန်မအဆင်ပြေပါတယ်ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်အမှန်ကို နားမလည်ကြတာ

အင်းအဆင်ပြေပါတယ်ဆိုတဲ့စကားရဲ့တကယ့်အဓိပ္ပါယ်ကိုနားမလည်တာ မိန်းကလေးတွေက မျက်နှာငယ်လေးနဲ့ငါအဆင်ပြေပါတယ်လို့ပြောလိုက်ချိန်ဟာ ကောင်လေးတွေအတွက် ကမ္ဘာ့အခက်ခဲဆုံးပုစ္ဆာ တစ်ရပ်ပါပဲ။ ဒီလိုအဆင်ပြေပါတယ်ဆိုတဲ့ စကားရဲ့ တကယ့်အဓိပ္ပါယ်အရင်းမှန်ကို ကောင်လေးတွေသိဖို့ ခက်ခဲလှတာမို့သူတို့အတွက်တော့နားလည်ရခက်တဲ့စကားတစ်လုံးပါပဲ။

232 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.