ကားမတော်တဆမှုဖြစ်ထားတဲ့ လူနာမလေးကို Taylor Swift ဘယ်လိုအားပေးနှစ်သိမ့်ခဲ့လဲ?

Taylor Swift ဟာ ပရိသတ်တွေရဲ့ ချစ်ခြင်းကို အပြည့်အ၀ရရှိထားတဲ့အဆိုတော်မလေးဖြစ်သလို သူမကလည်း သူမရဲ့ပရိသတ်တွေအပေါ်
ဂရုစိုက်မှုတွေ၊အချစ်တွေဝေမျှလေ့ရှိသူတစ်ယောက်အဖြစ်နာမည်ကြီးပါတယ်။အခုတစ်ခါမှာလည်း Swift ဟာ သူမရဲ့ Swiftie တွေထဲက တစ်ယောက်ဖြစ်တဲ့ Lindsay ဆိုတဲ့ ကလေးမလေးကို အံ့သြ၀မ်းသာမှုတစ်ခုပေးစွမ်းခဲ့တယ်လို့သိရပါတယ်။

Lindsay ဟာ ကားမတော်တဆမှုကြောင့် ဆေးရုံတက်နေရသူလေးပါ။သူမဆီကို Taylor Swift ဟာ လှပတဲ့ပန်းစည်းလေးနဲ့အတူ ကိုယ်တိုင်ရေး
ထားတဲ့လက်ရေးစာလေးကို အမှတ်တရလက်ဆောင်အဖြစ်ပို့ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီး Lindsay ဟာ ဧပြီ ၉ရက်နေ့တုန်းက
သူမရဲ့တွစ်တာမှာ ပန်းစည်းနဲ့စာလေးရေးခဲ့တဲ့အကြောင်းတင်ခဲ့ပြီး “အခုထိ ကျွန်မအံ့သြမိနေတုန်းပါပဲ။ကျေးဇူးအများကြီးတင်ပါတယ်။ရှင့်ကို ကျွန်မ
အဆုံးအစမရှိကိုချစ်ရပါတယ်။ဒါက ကျွန်မအတွက်ဘယ်လိုအဓိပ္ပာယ်မျိုးလဲဆိုတာ ရှင်သိမှာမဟုတ်ပါဘူး။မကြာခင်ဖျော်ဖြေပွဲမှာတွေ့ရအောင်”ဆိုတဲ့စာလေးလည်းရေးသားခဲ့ပါသေးတယ်။

Taylor Swift ရေးပေးလိုက်တဲ့စာလေးမှာတော့

“ဟိုင်း Buddy
ကျွန်မ ဒီမတော်တဆမှုဖြစ်တဲ့အကြောင်းကြားရတာ စိတ်မကောင်းပါဘူး။အခုလိုဖြစ်သွားတဲ့အတွက် ကျွန်မ နှလုံးသားနာကျင်ရပါတယ်။ဒီပန်းလေးတွေက
ရှင့်ရဲ့တစ်နေ့တာကို တောက်ပစေမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ရှင့်လည်ပင်းအခြေအနေပြန်ကောင်းသွားပြီး မကြာခင် ကျွန်မတို့ အတူပြန်ဆုံရဦးမှာပါ။
ကျွန်မကိုယ်စား ရှင့်မိသားစုတွေကို ပွေ့ဖက်ပေးပါဦး။ရှင် အဆင်ပြေနေတဲ့အတွက်လည်း ကျွန်မ၀မ်းသာပါတယ်။ချစ်ရတဲ့ Taylor” ဆိုပြီး
ရေးသားခဲ့တာဖြစ်ပါတယ်။How Sweet! 💗

Taylor Swift ဆိုတာ အဲ့ဒီလိုသူမရဲ့ပရိသတ်တွေအပေါ် ဂရုတစိုက်အားပေးတတ်သူလည်းဖြစ်ပါသေးတယ်။

Source:Justjared

45 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.