စစ္မႈထမ္းေဆာင္ဖုိ႔မသြားခင္ ပရိသတ္ေတြကုိ ေႏြးေထြးတဲ႔စကားေလးနဲ႔ႏွစ္သိမ့္မႈေပးခဲ႔တဲ႔ Park Hyung Sik

နာမည္ေက်ာ္ေတာင္ကိုရီးယားမင္းသားေခ်ာ Park Hyung Sik ဟာ မၾကာခင္စစ္မႈထမ္းေဆာင္ရေတာ့မယ္လုိ႔သိရပါတယ္။

Park Hyung Sik ဟာ South Korea ရဲ ႔ Capital Defense Command မွာ Military police officer အျဖစ္ တာ၀န္ထမ္းေဆာင္ရမွာျဖစ္တယ္လို႔သိရျပီး သူ႔အေနနဲ႔ လက္ခံမယ္ဆုိရင္ ဇြန္လထဲမွာ စစ္မႈစတင္ထမ္းေဆာင္ရမွာပါ။တကယ္လုိ႔ သူက အဲ႔ဒီတာ၀န္ကုိ လက္မခံဘူးဆုိရင္ ေမလကုန္ခါနီးမွာ active duty soldier အျဖစ္ အခ်ိန္ျပည့္တာ၀န္ထမ္းေဆာင္ရမွာ ျဖစ္တယ္လုိ႔သိရပါတယ္။သူစစ္မႈထမ္းေဆာင္ခါနီးရင္ေတာ့ ပရိသတ္ေတြကုိ ပုိတိက်တဲ႔သတင္းေၾကညာမယ္လုိ႔ထင္ပါတယ္။

ျပီးခဲ႔တဲ႔ ဧျပီ ၉ရက္ေန႔ကေတာ့ SBS ရဲ႔ “Night of Real Entertainment” မွာ Park Hyung Sik တစ္ေယာက္ပါ၀င္ခဲ႔ျပီး စစ္မႈထမ္းေဆာင္ရမယ့္အေၾကာင္းနဲ႔ပတ္သက္ျပီး အခုလိုပဲေျပာသြားခဲ႔ပါတယ္။”ကြ်န္ေတာ္စစ္တပ္ထဲမွာ က်န္းမာေအာင္ေနထုိင္ပါမယ္။ဒါေၾကာင့္ ကြ်န္ေတာ့္အတြက္ မစုိးရိမ္ၾကပါန႔ဲ။ကြ်န္ေတာ့္ကို အျမဲအားေပးေနတဲ႔သူအားလံုးကုိ ေက်းဇူးအမ်ားၾကီးတင္ပါတယ္”ဆုိျပီး ေႏြးေထြးတဲ႔စကားေလးနဲ႔ ပရိသတ္ေတြကုိႏွစ္သိမ့္ေပးခဲ႔ပါတယ္။

အခုလက္ရွိမွာေတာ့ မင္းသား Park Hyung Sik ဟာ “Jurors” လုိ႔ေခၚတဲ႔ရုပ္ရွင္ကားမွာ မင္းသမီး Moon So Ri နဲ႔ တြဲဖက္သရုပ္ေဆာင္ထားပါတယ္။
တရားဥပေဒေလာကနဲ႔ပတ္သက္ျပီးရိုက္ကူးထားတဲ႔ဇာတ္လမ္းမ်ိဳးျဖစ္ျပီး ေမလထဲမွာထြက္ရွိမယ္လုိ႔သိရပါတယ္။အားေပးဖို႔ မေမ့နဲ႔ဦးေနာ္

Unicode

နာမည်ကျော်တောင်ကိုရီးယားမင်းသားချော Park Hyung Sik ဟာ မကြာခင်စစ်မှုထမ်းဆောင်ရတော့မယ်လို့သိရပါတယ်။

Park Hyung Sik ဟာ South Korea ရဲ့ Capital Defense Command မှာ Military police officer အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့သိရပြီး သူ့အနေနဲ့ လက်ခံမယ်ဆိုရင် ဇွန်လထဲမှာ စစ်မှုစတင်ထမ်းဆောင်ရမှာပါ။တကယ်လို့ သူက အဲ့ဒီတာဝန်ကို လက်မခံဘူးဆိုရင် မေလကုန်ခါနီးမှာ active duty soldier အဖြစ် အချိန်ပြည့်တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်လို့သိရပါတယ်။သူစစ်မှုထမ်းဆောင်ခါနီးရင်တော့ ပရိသတ်တွေကို ပိုတိကျတဲ့သတင်းကြေညာမယ်လို့ထင်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၉ရက်နေ့ကတော့ SBS ရဲ့ “Night of Real Entertainment” မှာ Park Hyung Sik တစ်ယောက်ပါဝင်ခဲ့ပြီး စစ်မှုထမ်းဆောင်ရမယ့်အကြောင်းနဲ့ပတ်သက်ပြီး အခုလိုပဲပြောသွားခဲ့ပါတယ်။”ကျွန်တော်စစ်တပ်ထဲမှာ ကျန်းမာအောင်နေထိုင်ပါမယ်။ဒါကြောင့် ကျွန်တော့်အတွက် မစိုးရိမ်ကြပါနဲ့။ကျွန်တော့်ကို အမြဲအားပေးနေတဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်”ဆိုပြီး နွေးထွေးတဲ့စကားလေးနဲ့ ပရိသတ်တွေကိုနှစ်သိမ့်ပေးခဲ့ပါတယ်။

အခုလက်ရှိမှာတော့ မင်းသား Park Hyung Sik ဟာ “Jurors” လို့ခေါ်တဲ့ရုပ်ရှင်ကားမှာ မင်းသမီး Moon So Ri နဲ့ တွဲဖက်သရုပ်ဆောင်ထားပါတယ်။တရားဥပဒေလောကနဲ့ပတ်သက်ပြီးရိုက်ကူးထားတဲ့ဇာတ်လမ်းမျိုးဖြစ်ပြီး မေလထဲမှာထွက်ရှိမယ်လို့သိရပါတယ်။အားပေးဖို့ မမေ့နဲ့ဦးနော်

49 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.