ပူပြင်းတဲ့ရာသီနဲ့အလိုက်ဖက်ဆုံးသီးစုံရေခဲချောင်းကို လွယ်လွယ်ကူကူလုပ်စားကြမယ်…




Unicode

အခုလိုပူပြင်းလှတဲ့ရာသီမှာ အေးအေးမွှေးမွှေးလေးတွေကို စားချင်ကြမှာပါ။ ဒီလိုစားချင်လို့အပြင်က ဝယ်စားရင်လည်းဆေးသကြားဘာညာ ရန်က နေ ကြောက်ရတာနဲ့ပဲအန္တရာယ်ဖြစ်မှာဆိုးလို့ဝယ်မစားရဲ။ ဆိုတော့ ဒီလိုပြဿနာမျိုးတွေကို စဉ်းစားစရာမလိုပဲ ကိုယ့်ဘာသာအိမ်မှာ သန့်သန့်လေးနဲ့မွှေးမွှေးအေးအေးလေးစားကောင်းအောင် Home made ရေခဲ ချောင်းလေးကို ဒီလို လေးလုပ်စားကြည့်ရအောင်…ဘာပစ္စည်းလေးတွေနဲ့ဘာသီးတွေသုံးကြမလဲ…- အသီးက တော့ကိုယ်ကြိုက်တဲ့အသီးပေါင်းစုံကို ထည့်လို့ရပါတယ်နော်ကိုယ်ကတော့ ငှက်ပျောသီး၊ဖရဲသီး၊ Sunkist သီးတို့ကို ထည့်ချင်တယ်။ နောက်ထပ်လိုအပ်တဲ့ပစ္စည်းလေးက အသီးအရည်ဖျော်စက်လေးပါ။နောက်ထပ်လိုတာက တော့ ရေခဲအကန့်ခွက်လေးများနဲ့ ၀ါးဒုတ်လေးတွေပါ။အိုကေ ပစ္စည်းစုံရင်လုပ်နည်းလေးကို ဖတ်ကြည့်ရအောင်…- အသီးတစ်မျိုးစီကို အရည်ညှစ်ပြီး ခွက်တစ်ခုဆီထဲ အသင့်ထည့်ထားပါ။(အဖက်လေးနဲ့စားချင်ရင်အနည်းငယ်သာချေပါ)တစ်ခွက်ချင်းစီထဲကို သကြားလေးမဆိုသလောက်ထည့်လို့ရပါတယ်(အချိုကြိုက်ရင်ပေါ့)-နောက်တစ်ဆင့်ကတော့ ရေခဲအကန့်ခွက်လေးထဲကို အရည်လေးတွေကို တစ်လွှာချင်းစီလောင်းထည့်ပါ(ဥပမာ-ငှက်ပျောသီး အရည်လေးအနည်းငယ်ထည့် နောက်တစ်လွှာကို ဖရဲသီးအရည်လေးထည့်နောက်တစ်လွှာကို Sunkist အရည်လေးထည့်)ဒီလိုပုံစံလေးနဲ့ တစ်ကန့်စီထည့်ပြီး အကန့်အပြည့်ထည့်ပါ။-နောက်ဆုံးအဆင့်ကေ တာ့ ၀ါးဒုတ်လေးထိုးပြီးရေခဲသေတ္တာရဲ့အပေါ်ဆုံးအအေးဆုံးအဆင့်မှာ ထည့်ထားပါ။ ခဲချင်ရင်ခဲချင်သလောက်အချိန်ယူပြီးချိန်မှာတော့ အေးအေးမွှေးမွှေးနဲ့စားကောင်းတဲ့ အိမ်လုပ်ရေခဲချောင်းလေးကိုစားသုံးနိုင်ပါပြီ။

 

173 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.