သင့်ရဲ့ ပူနေတဲ့ဗိုက်ကလေးကို ဒီလေ့ကျင့်ခန်းလေးနဲ့ ချလိုက်ပါ

ဗိုက်အဆီတွေချဖို့ခက်နေလား?လေ့ကျင့်ခန်းတွေအများကြီးမလုပ်ချင်ဘူးလား?ဂျပန်လူမျိုးတွေလိုက်နာကျင့်သုံးကြတဲ့ လေ့ကျင့်ခန်းလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။ဂျပန်နိုင်ငံက ၀ိတ်ချခြင်းဆိုင်ရာပညာရှင်တစ်ယောက်ရဲ့အဆိုအရ ဒီလေ့ကျင့်ခန်းလေးဟာ ရက်သတ္တပတ် သုံးလေးပတ်အတွင်း တွဲကျနေတဲ့ဗိုက်၊ပူနေတဲ့ဗိုက်ကို သိသိသာသာလျှော့ချပေးနိုင်တယ်လို့သိရပါတယ်။ရိုးရှင်းတဲ့လေ့ကျင့်ခန်းလေးတစ်ခုဖြစ်လို့ လိုက်လုပ်ကြည့်ပါလို့တိုက်တွန်းလိုက်ပါတယ်။အတူတူလုပ်ကြတာပေါ့ 🤭

ပထမဆုံးအဆင့်- သွေးပူလေ့ကျင့်ခန်း

ဘယ်လေ့ကျင့်ခန်းမှ စမလုပ်ခင် ကိုယ်လက်လှုပ်ရှားမှုလေးနည်းနည်းလုပ်လိုက်ပါ။လုပ်ပြီးရင်တော့ လက်နှစ်ဖက်ကို တင်နေရာမှာထောက်ထားပြီး
သက်တောင့်သက်သာနေပါ။ယောဂဖျာလေးပေါ်မှာလုပ်မယ်ဆိုရင် ပိုကောင်းပါတယ်။

ဒုတိယအဆင့် – အသင့်အနေအထားပြင်


လက်နှစ်ဖက်ကို တင်နေရာမှာ ထားလျက်သားအနေအထားအတိုင်းနေပါ။ခြေထောက်နှစ်ဖက်ကိုတော့ပုခုံးအကျယ်ထက် အနည်းငယ်ပိုကျယ်ပြီးခွာလိုက်ပါ။

တတိယအဆင့် – ဒူးကိုကွေးညွတ်လိုက်ပါ

လက်နှစ်ဖက်ကို ဒူးပေါ်မှာတင်ရင်း ပုံထဲက အနေအထားအတိုင်း ကွေးညွှတ်လိုက်ပါ။အဲ့ဒီလိုကွေးညွှတ်လိုက်တဲ့အခါမှာ ကြွက်သားတွေရဲ့တင်းအားကိုခံစားရပါလိမ့်မယ်။

စတုတ္ထအဆင့် – လှည့်ပါ

ပုံထဲမှာပြထားသလို ဒူးပေါ်မှာ လက်နှစ်ဖက်တင်ထားပါ။ပြီးရင် ဒူးကွေးလျက်အနေအထားနဲ့ပဲ ညာဘက်ပုခုံးကို ဘယ်ဘက်အတွင်းဘက်ထိရောက်အောင်လှည့်ပါ။ဘယ်ဘက်ပုခုံးနေရာကညာဘက်ကိုရောက်သွားတဲ့အထိ ညင်သာစွာလှည့်ပေးပါ။အဲ့ဒီအခါမှာ ပေါင်၊ခါးနဲ့ နောက်ကျောဘက်ကြွက်သားတွေဆီက တင်းအားတွေခံစားလာရပါလိမ့်မယ်။အဲ့ဒီအနေအထားအတိုင်း ၃စက္ကန့်နေပါ။၃စက္ကန့်ပြီးတဲ့အခါ မလှည့်ခင်ပုံမှန်အနေအထားအတိုင်းပြန်နေပါ။

ပဉ္စမအဆင့် – အသက်ရှုပါ

ဒူးကွေးလျက်အနေအထားနဲ့ပဲ အသက်ကိုဖြည်းဖြည်းချင်းရှုသွင်းရှုထုတ်ပါ။

နောက်ဆုံးအဆင့် – အဲ့ဒီလိုပုံစံအတိုင်း ဘယ်တစ်ခါ၊ညာတစ်ခါ တစ်ဖက်ကို ၁၀ ကြိမ်စီလုပ်ပေးနိုင်ပါတယ်။

ဒါက သင့်ရဲ့ ဗိုက်ပူနေတာကို သိသိသာသာချပ်ရပ်သွားစေနိုင်မယ့်လေ့ကျင့်ခန်းလေးဖြစ်လို့ တစ်နေ့ကို အချိန် နာရီဝက်လောက်ပေးပြီးလုပ်ကြည့်
သင့်တယ်နော်။

Source:Brightside

564 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.