အခုခ်ိန္ထိ ဘာလုိ႕ ခ်ိန္ပါဘ၀က မလြတ္ေသးတာလဲ ?

ကိုယ္ျကိုက္မယ္ခ်စ္မယ္ က်န္လိုက္တိုင္းသူမ်ားေနာက္ပါပါသြားတဲ႔ ခ်ိန္ပါတို႕ရွိျကလား? ကိုယ္ကစိတ္၀င္စားတယ္ဆုိတဲ႔ အဆင္႔ေလးေရာက္ေနျပီဆိုတာနဲ႕
တင္ ေနာက္ေန႕လည္းက်ေရာ RS ျကီးေကာက္ခ်ိတ္လုိက္ေရာဆိုတာမ်ိဳးေ တြကို တစ္ေခါက္မကျကံုဖူးတဲ႔သူေတြရွိျကမွာပါ။ တစ္ခါတစ္ေလက်ျပန္ေတာ႔လည္း ကိုယ္သေဘာက်မိတဲ႔သူက
RS ျကီးငုတ္တုတ္နဲ႕ျဖစ္ေနတတ္သလို ကိုယ္ေျကာင္ဖို႕ ေခ်ာင္းေနတဲ႔သူကလက္ရွိSingle ပင္မဲ႔ အရင္ ရည္းစားကိုမျပတ္နုိင္ေသးတာေတြ၊ စိတ္ရွိေသးတာ ေတြနဲ႕ျကံုရတဲ႔အခါ
ကိုယ္ကသာျကားထဲ႕ ဗီလိန္ျကီးျဖစ္ျပန္ေရာ။
ဆိုေတာ႔ ဒီလုိ အျဖစ္ေတြန႕ဲလံုးလည္ခ်ာလပတ္ရိုက္ျပီး အခ်စ္ေတြနဲ႕လြဲေနေသးတယ္ဆိုရင္ေတာ႔ လုပ္သင္႔တာတစ္ခုပဲရွိပါတယ္။ ဒါကေတာ႔အခ်စ္ဆိုတာျကီးကိုအခ်ိန္ကုန္ခံျပီ
လိုက္ပတ္ရွာ မေနပဲ ကိုယ္႔အတြက္ျဖစ္ေပၚလာမဲ႔အခ်စ္စစ္တစ္ခုကို ေစာင္႔စားရင္း ျကိုးစားေနထုိင္ဖို႕ပါပဲ။
ပထမဦးဆံုးစဥ္းစားသင္႔တာကခ်ိန္ပါျဖစ္ေနတယ္ဆုိကတည္းက နည္းနည္းေတာ႔လူမ်ားျကားေအာင္႔သည္းေအာင္႔သက္ျဖစ္စရာပါပဲ။
ကိုယ္႔ဘာသာ ရည္းစားမလုိခ်င္သလိုလုိဘာလိုလုိေနတာကမွ လူအေလွာင္ခံရဖို႕နည္းပါေသးတယ္။ ဒါေျကာင္႔ခ်ိန္ပါဘ၀က ေနရုန္းထ ြက္ပါ။


ေနာက္တစ္ခ်က္က ခ်စ္ျခင္းေမတၱာဆိုတာ ဘယ္ပစၥည္းေလးေပါသလဲတန္သလဲဆိုျပီးပြဲေစ်းမွာလိုက္ရွာ၀ယ္သလို အလြယ္တကူ၀ယ္ယူလုိ႕
ရတာမ်ိဳးလည္းမဟုတ္…ဆိုေတာ႔ ဒီလုိကုိယ္နဲ႕လုိက္ဖက္တဲ႔လူတစ္ေယာက္ကိုလိုက္ရွာေနမဲ႔အစား ကိုယ္ရဲ႕တကယ္႔ဘ၀လက္တြဲေဖာ္နဲ႕ဆံုေတြ႕နုိင္မဲ႔
အခ်ိန္ကို သာ အက်ိဳးရွိရွိေစာင္႔စားေနလုိက္ပါ။
ကိုယ္စိတ္ထဲကတကယ္နွစ္နွစ္ကာကာမရွိေသးပဲ ေယာင္၀ါး၀ါးနဲ႕ ခ်စ္သူရနုိးနိုးလုိက္ရွာေနတဲ႔အခ်ိန္ကို အလုပ္ပိုျကိုးစားလုိက္ပါ။ ကိုယ္႔အလုုပ္နဲ႕ကိုယ္
ကိုယ္႔ဘ၀နဲ႕ကိုယ္ျဖစ္လာတဲ႔အခါကိုယ္နဲ႕တကယ္ထုိက္တန္တဲ႔သူတစ္ေယာက္က ေရာက္လို႕လာမွာပါပဲ။
ခ်ိန္ပါျကီးျဖစ္ျပီးအခ်ိန္ကုန္ေနမဲ႔အစား ကိုယ္လုပ္စရာရွိတာကို တစ္စိုက္မတ္မတ္ျကိုးစားျပီးလူခန္႔ျကီးအျဖစ္ ေအးေအးလူလူဖူးစာရွင္ကို ေစာင္႔သာေနလိုက္ပါ…

Unicode

ကိုယ်ကြိုက်မယ်ချစ်မယ် ကျန်လိုက်တိုင်းသူများနောက်ပါပါသွားတဲ့ ချိန်ပါတို့ရှိကြလား? ကိုယ်ကစိတ်ဝင်စားတယ်ဆိုတဲ့ အဆင့်လေးရောက်နေပြီဆိုတာနဲ့တင် နောက်နေ့လည်းကျရော RS ကြီးကောက်ချိတ်လိုက်ရောဆိုတာမျိုးေ တွကို တစ်ခေါက်မကကြုံဖူးတဲ့သူတွေရှိကြမှာပါ။ တစ်ခါတစ်လေကျပြန်တော့လည်း ကိုယ်သဘောကျမိတဲ့သူကRS ကြီးငုတ်တုတ်နဲ့ဖြစ်နေတတ်သလို ကိုယ်ကြောင်ဖို့ ချောင်းနေတဲ့သူကလက်ရှိSingle ပင်မဲ့ အရင် ရည်းစားကိုမပြတ်နိုင်သေးတာတွေ၊ စိတ်ရှိသေးတာ တွေနဲ့ကြုံရတဲ့အခါကိုယ်ကသာကြားထဲ့ ဗီလိန်ကြီးဖြစ်ပြန်ရော။ ဆိုတော့ ဒီလို အဖြစ်တွေနဲ့လုံးလည်ချာလပတ်ရိုက်ပြီး အချစ်တွေနဲ့လွဲနေသေးတယ်ဆိုရင်တော့ လုပ်သင့်တာတစ်ခုပဲရှိပါတယ်။ ဒါကတော့အချစ်ဆိုတာကြီးကိုအချိန်ကုန်ခံပြီလိုက်ပတ်ရှာ မနေပဲ ကိုယ့်အတွက်ဖြစ်ပေါ်လာမဲ့အချစ်စစ်တစ်ခုကို စောင့်စားရင်း ကြိုးစားနေထိုင်ဖို့ပါပဲ။ပထမဦးဆုံးစဉ်းစားသင့်တာကချိန်ပါဖြစ်နေတယ်ဆိုကတည်းက နည်းနည်းတော့လူများကြားအောင့်သည်းအောင့်သက်ဖြစ်စရာပါပဲ။ကိုယ့်ဘာသာ ရည်းစားမလိုချင်သလိုလိုဘာလိုလိုနေတာကမှ လူအလှောင်ခံရဖို့နည်းပါသေးတယ်။ ဒါကြောင့်ချိန်ပါဘဝက နေရုန်းထ ွက်ပါ။နောက်တစ်ချက်က ချစ်ခြင်းမေတ္တာဆိုတာ ဘယ်ပစ္စည်းလေးပေါသလဲတန်သလဲဆိုပြီးပွဲစျေးမှာလိုက်ရှာဝယ်သလို အလွယ်တကူဝယ်ယူလို့ရတာမျိုးလည်းမဟုတ်…ဆိုတော့ ဒီလိုကိုယ်နဲ့လိုက်ဖက်တဲ့လူတစ်ယောက်ကိုလိုက်ရှာနေမဲ့အစား ကိုယ်ရဲ့တကယ့်ဘဝလက်တွဲဖော်နဲ့ဆုံတွေ့နိုင်မဲ့အချိန်ကို သာ အကျိုးရှိရှိစောင့်စားနေလိုက်ပါ။ ကိုယ်စိတ်ထဲကတကယ်နှစ်နှစ်ကာကာမရှိသေးပဲ ယောင်ဝါးဝါးနဲ့ ချစ်သူရနိုးနိုးလိုက်ရှာနေတဲ့အချိန်ကို အလုပ်ပိုကြိုးစားလိုက်ပါ။ ကိုယ့်အလုုပ်နဲ့ကိုယ်ကိုယ့်ဘဝနဲ့ကိုယ်ဖြစ်လာတဲ့အခါကိုယ်နဲ့တကယ်ထိုက်တန်တဲ့သူတစ်ယောက်က ရောက်လို့လာမှာပါပဲ။ ချိန်ပါကြီးဖြစ်ပြီးအချိန်ကုန်နေမဲ့အစား ကိုယ်လုပ်စရာရှိတာကို တစ်စိုက်မတ်မတ်ကြိုးစားပြီးလူခန့်ကြီးအဖြစ် အေးအေးလူလူဖူးစာရှင်ကို စောင့်သာနေလိုက်ပါ…

44 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.