ဇွန်လထဲမှာလက်ထပ်ဖို့ပြင်ဆင်နေပြီဆိုတဲ့ မင်းသား Joo Jin Mo

နာမည်ကျော်တောင်ကိုရီးယားမင်းသားတစ်လက်ဖြစ်တဲ့ Joo Jin Mo ဟာ မကြာခင်ချစ်သူလေးနဲ့ မင်္ဂလာပွဲဆင်နွှဲတော့မယ်လို့သိရပါတယ်။ချစ်သူ
ဆရာဝန်မလေး Min Hye Yeon နဲ့ ဂျယ်ဂျူကျွန်းမှာလက်ထပ်ပွဲလေးလုပ်ကြမှာဖြစ်ပါတယ်တဲ့။

မင်းသားရဲ့အေဂျင်စီ Huayi Brothders Korea က “သူတို့လက်ထပ်ဖို့စဉ်းစားနေပြီဆိုတာ အမှန်ပါပဲ။အချိန်နဲ့နေရာကိုသာ သေချာမဆုံးဖြတ်ရသေးတာပါ။
သူက လောလောဆယ်တော့ SBS ရဲ့ဇာတ်လမ်းတွဲသစ် “Big Issue” ရိုက်ကူးရေးမှာပဲ အာရုံစိုက်နေပါတယ်”လို့ပြောလာခဲ့ပါတယ်။အဲ့ဒီနောက်
ထပ်ပြီး “ကျွန်တော်တို့ Joo Jin Mo နဲ့ စကားထပ်ပြောကြည့်တဲ့အခါမှာ သူတို့တွေ ဇွန်လထဲ လက်ထပ်ပွဲကျင်းပမယ့်သတင်းက အမှန်ပါပဲ။သူတို့အနေနဲ့
မင်္ဂလာပွဲလေးကို မိသားစုတွေ၊ဆွေမျိုးသူငယ်ချင်းတွေနဲ့သာ သီးသန့်ကျင်းပဖို့ဆန္ဒရှိနေပါတယ်”လို့ ထပ်ပြီးတရားဝင်ကြေညာပြောပြခဲ့ပါတယ်။

မင်းသား Joo Jin Mo ဟာ 200 Pounds Beauty ၊ Empress Ki ၊ This is My Love စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အားပေးမှုရရှိခဲ့တဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။အခုလက်ရှိမှာလည်း “Big Issue” ဇာတ်လမ်းတွဲကိုရိုက်ကူးနေပါတယ်။

မင်းသား Joo Jin Mo နဲ့ ဆရာဝန်မလေး Min Hye Yeon တို့ဟာ ဇွန်လထဲမှာမင်္ဂလာပွဲလေးကျင်းပမယ်လို့ပဲသိရပြီး နေ့ရက်နဲ့အချိန်၊နေရာကိုတော့ အတိအကျပြောပြထားခြင်းမရှိသေးပါဘူး။ဇွန်လထဲမှာ ပရိသတ်တွေကိုတရားဝင်ကြေညာမလားဆိုတာတော့ အတူတူဆက်ပြီးစောင့်ကြည့်ဂုဏ်ပြုလိုက်ရအောင်

52 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.