စိတ်အားငယ်နေချိန် ဒါတွေရှောင်ပါ…

လူ့စိတ်ဆိုတာ အမြဲအတက် ၊အကျရှိနေတာပါ။ တစ်ခါတစ်လေ စိတ်ကအရမ်းပျော်နေပေမယ့်
နောက်နေ့ ဒေါသတွေထွက် ပူလောင်ပြီး ဝမ်းနည်းနေရတာမျိုး ဖြစ်ဖူးကြမှာပါ။
မိမိစိတ်ကို မထိန်းနိုင်သရွေ့ မကောင်းတဲ့ခံစားချက်တွေပဲ ဝင်နေဦးမှာလို့ ပြောချင်ပါတယ်။

Image result for depression

စိတ်အားငယ်နေချိန်ဆို မကောင်းတဲ့ အတွေးတွေ ဖယ်ထုတ်ပါ။ အဓိက မင်းကိုဝမ်းနည်းစေတဲ့
အတွေးတွေ ၊ အဖြစ်ပျက်တွေ ၊ စကားတွေ အရာအားလုံးကို ခေါင်းထဲကထုတ်လိုက်ပါ။
စိတ်လိုက်မာန်ပါ ​ဖွင့်ချလိုက်တာက တစ်ခါတစ်လေတော့ ကောင်းပေမယ့် တစ်ခါတစ်လေတော့လည်း ကိုယ့်ကိုကိုယ် ပြန်နောင်တရစေတတ်တယ်။

စိတ်အားငယ်ချိန် ကိုယ့်ကိုသိမ်ငယ်စေတဲ့ လူကိုရှောင်ပါ။ တစ်ယောက်တည်းနေချင်မှာပါ။
တစ်ယောက်တည်းနေချိန် အတွေးတွေ ဝင်လာနိုင်တာကြောင့် စာအုပ်ဖတ် ၊ သီချင်းနားထောင် ၊ တရားနာ စသဖြင့် စိတ်ငြိမ်းချမ်းစေမယ့် အရာတွေပဲလုပ်ပါ။

Image result for depression

ဘာပဲလုပ်လုပ် မအောင်မြင်ဘူး။ ကျရှုံးနေချိန်ဆို စိတ်ဓာတ်ကျလာတတ်ပါတယ်။ မကျပါနဲ့..
ရအောင်ပြန်ကောက်တင်ပြီး ငါအကောင်းဆုံးလုပ်နိုင်တယ်ဆိုတာ သက်သေပြလိုက်ပါဦး..
မင်းဟာ လွယ်လွယ်လက်လျော့တတ်တဲ့ လူမဟုတ်ဘူးလို့ ကိုယ့်ကိုကိုယ် အမြဲသတိပေးပါ။
လဲသွားရင် ပြန်ထလိုက် ၊ အောင်မြင်မှုဆိုတာ လူတိုင်းအတွက်ပဲ။ သူများ အခွင့်ရေးရရင် ငါလည်း ရအောင်ဖန်တီးမယ်ဆိုတဲ့စိတ် ထည့်ထားပါ။

ရှေ့လျှောက်ရမယ့် ဘဝက ခက်ခဲဦးမှာမို့ စိတ်ဓာတ်မပျော့စေချင်ဘူး။ မာကြော ပြတ်သား
တတ်တဲ့ စိတ်ဓာတ်လေးတွေရှိနေမှဖြစ်မယ်။ ဒါမှ ဒီလောကဓံကို ကြံ့ကြံ့ခိုင်နိုင်မှာပေါ့။
ဘယ်တော့မှ အားမငယ်နဲ့ … စိတ်ဓာတ်ကျလာပြီဆို ဘဝကို ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး
အောင်မြင်လာသူတွေရဲ့အတွေ့ကြုံတွေကို သင်ခန်းစာယူ ၊ လေ့လာပြီး ရှေ့ဆက်လျှောက်ဖို့ အားအင်တွေယူပါနော်..

50 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.