ခ်စ္ရတဲ႔သူငယ္ခ်င္းမေလးေတြနဲ႔ မၾကာခဏခရီးထြက္တာဟာ က်န္းမာေရးကုိပုိျပီးေကာင္းမြန္ေစ

ခရီးသြားတာဟာ ေကာင္းပါတယ္။အထူးသျဖင့္ ခ်စ္ရတဲ႔သူငယ္ခ်င္းေတြနဲ႔အတူခရီးသြားတာဟာ ပုိျပီးေတာ့ေကာင္းပါတယ္။ဘာလို႔လဲဆုိရင္
ခရီးသြားတာဟာ စိတ္လက္ေပါ့ပါးလန္းဆန္းေစသလုိ ခ်စ္တဲ႔သူေတြနဲ႔အတူတူခရီးထြက္ရတာျဖစ္လို႔ က်န္းမာေရးကုိပုိျပီးေကာင္းမြန္လာေစပါသတဲ႔။

ဒီအခ်က္ကို ကြ်မ္းက်င္သူပညာရွင္ေတြကလည္း လက္ခံထားၾကပါတယ္။ေလ့လာခ်က္ေတြအရ ခ်စ္ခင္ရင္းႏီွးရတဲ႔မိန္းကေလးသူငယ္ခ်င္းေတြနဲ႔
အတူတူခရီးထြက္ၾကတဲ႔အခါ ခႏၶာကုိယ္ကေန ေပ်ာ္ရႊင္မႈေဟာ္မုန္း (Oxytocin)ကုိ မ်ားမ်ားထုတ္လႊတ္ေပးတယ္လုိ႔သိရပါတယ္။ခ်စ္ခင္စိတ္၊ေပ်ာ္ရႊင္စိတ္
ေတြကေန တစ္ဆင့္ျဖစ္ေပၚလာတဲ႔ဒီေဟာ္မုန္းမ်ားမ်ားထြက္လာေလ လူတစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ခင္ရင္းႏွီးစိတ္ေတြ၊ယံုၾကည္စိတ္ေတြ၊
ကိုယ္ခ်င္းစာနားလည္စိတ္ေတြ၊သက္ေတာင့္သက္သာျဖစ္စိတ္ေတြ ပုိျပီးခံစားလာရေစပါတယ္။ဒီအခ်က္ေၾကာင့္္ပဲ စိတ္ညစ္စရာေတြ၊စိတ္ဖိစီးေနတာေတြ၊
စိတ္ဓာတ္က်ေနတာေတြကုိ ကုစားေပးႏုိင္သြားတာပါ။

ဒါေၾကာင့္သင့္အေနနဲ႔ လတ္တေလာစိတ္ဖိစီးမႈေတြၾကံဳေတြ႔ေနရရင္ သူငယ္ခ်င္းမိန္းကေလးေတြနဲ႔အုပ္စုလိုက္ခရီးထြက္ျပီး စိတ္ဖိစီးမႈကုိေျဖေဖ်ာက္လိုက္ပါ။
အမွတ္တရေတြ၊ေပ်ာ္ရႊင္စရာေတြကုိ အတူတကြဖန္တီးလုိက္ပါ။ခရီးထြက္လိုက္တာက သင္တို႔ကုိ ညီအစ္မအရင္းအခ်ာေတြလိုပုိျပီးရင္းႏွီးသြားေစပါလိမ့္မယ္။
ဘ၀မွာ ေသြးမေတာ္သားမစပ္ပဲ ကုိယ့္အေပၚခ်စ္ခင္သူေတြရွိေနတာက ေပ်ာ္ရႊင္စရာတစ္ခုပဲမဟုတ္လား…💗

Unicode

ခရီးသွားတာဟာ ကောင်းပါတယ်။အထူးသဖြင့် ချစ်ရတဲ့သူငယ်ချင်းတွေနဲ့အတူခရီးသွားတာဟာ ပိုပြီးတော့ကောင်းပါတယ်။ဘာလို့လဲဆိုရင် ခရီးသွားတာဟာ စိတ်လက်ပေါ့ပါးလန်းဆန်းစေသလို ချစ်တဲ့သူတွေနဲ့အတူတူခရီးထွက်ရတာဖြစ်လို့ ကျန်းမာရေးကိုပိုပြီးကောင်းမွန်လာစေပါသတဲ့။

ဒီအချက်ကို ကျွမ်းကျင်သူပညာရှင်တွေကလည်း လက်ခံထားကြပါတယ်။လေ့လာချက်တွေအရ ချစ်ခင်ရင်းနှီးရတဲ့မိန်းကလေးသူငယ်ချင်းတွေနဲ့ အတူတူခရီးထွက်ကြတဲ့အခါ ခန္ဓာကိုယ်ကနေ ပျော်ရွှင်မှုဟော်မုန်း (Oxytocin)ကို များများထုတ်လွှတ်ပေးတယ်လို့သိရပါတယ်။ချစ်ခင်စိတ်၊ပျော်ရွှင်စိတ်တွေကနေ တစ်ဆင့်ဖြစ်ပေါ်လာတဲ့ဒီဟော်မုန်းများများထွက်လာလေ လူတစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ရင်းနှီးစိတ်တွေ၊ယုံကြည်စိတ်တွေ၊ကိုယ်ချင်းစာနားလည်စိတ်တွေ၊သက်တောင့်သက်သာဖြစ်စိတ်တွေ ပိုပြီးခံစားလာရစေပါတယ်။ဒီအချက်ကြောင့်ပဲ စိတ်ညစ်စရာတွေ၊စိတ်ဖိစီးနေတာတွေ၊စိတ်ဓာတ်ကျနေတာတွေကို ကုစားပေးနိုင်သွားတာပါ။

ဒါကြောင့်သင့်အနေနဲ့ လတ်တလောစိတ်ဖိစီးမှုတွေကြုံတွေ့နေရရင် သူငယ်ချင်းမိန်းကလေးတွေနဲ့အုပ်စုလိုက်ခရီးထွက်ပြီး စိတ်ဖိစီးမှုကိုဖြေဖျောက်လိုက်ပါ။အမှတ်တရတွေ၊ပျော်ရွှင်စရာတွေကို အတူတကွဖန်တီးလိုက်ပါ။ခရီးထွက်လိုက်တာက သင်တို့ကို ညီအစ်မအရင်းအချာတွေလိုပိုပြီးရင်းနှီးသွားစေပါလိမ့်မယ်။ဘဝမှာ သွေးမတော်သားမစပ်ပဲ ကိုယ့်အပေါ်ချစ်ခင်သူတွေရှိနေတာက ပျော်ရွှင်စရာတစ်ခုပဲမဟုတ်လား…💗

 

749 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.