အသက္ ၃၀ေက်ာ္လာျပီဆုိ ဒါမ်ိဳးေလးေတြဂရုစုိက္ေပးပါ

ရြြယ္တူေတြနဲ႔ယွဥ္လိုုက္တဲ႔အခါ ကုိယ္က ပုိျပီးအုိမင္းသြားတယ္လုိ႔မခံစားခ်င္ရင္ အသက္ ၃၀ ေက်ာ္တဲ႔အခါ ဒီအခ်က္ေတြကုိ ေသခ်ာလိုက္နာသင့္ပါတယ္။
က်န္းမာေရးနဲ႔ပတ္သက္ျပီး အေလးထားလာသင့္တာေလးေတြေပါ့။ငယ္တုန္းေတာ့က်န္းမာတယ္ဆုိျပီးေနခ်င္ေနသလိုေနၾကေပမဲ႔ အသက္ ၃၀ ေက်ာ္လာတဲ႔
ေနာက္ပုိင္း က်န္းမာေရးကုိ အေပ်ာ္အပါးထက္ပုိအေလးေပးသင့္ပါျပီ။ဒါမွ တျဖည္းျဖည္းအသက္ၾကီးလာတဲ႔အခါ သူမ်ားေတြထက္ စိတ္ပ်ိဳကုိယ္ႏုေနမွာပါ။ဒီေတာ့ ဘယ္လိုအခ်က္ေတြကုိ သိထားလိုက္နာရမလဲ?

*မနက္စာ၊ေန႔လည္စာ၊ညစာကုိ က်န္းမာေရးနဲ႔ညီညြတ္မ်ွတစြာစားပါ
*တစ္ေန႔ကုိ နာရီ၀က္ ေလ့က်င့္ခန္းလုပ္ပါ
*အိပ္စက္ခိ်န္က စုစုေပါင္း ၇နာရီကေန ၉နာရီထိရွိပါေစ

*ကုိယ္အေလးခိ်န္ကုိထိန္းပါ။ဒီထက္ပုိမတက္လာပါေစနဲ႔
*ေဆးလိပ္ေသာက္တတ္ရင္ ၾကိဳးစားျပီး စျဖတ္ပါေတာ့
*အရက္ေသာက္တဲ႔အခါ ၂ခြက္ထက္ပုိမေသာက္ပါနဲ႔။ျဖစ္နုိင္ရင္ ၁ခြက္ေလာက္ပဲေသာက္ပါ

*ကုိယ့္အတြက္မေကာင္းတဲ႔လူေတြကုိ ပတ္၀န္းက်င္ကေန ဖယ္ရွားပါ

*ေရဓာတ္ျပည့္ျပည့္၀၀ရွိပါေစ
*မေကာင္းတဲ႔အက်င့္ေတြကုိ ေဖ်ာက္ပါ
*အျပင္စာ အစားအေသာက္ေတြထက္ က်န္းမာေရးနဲ႔အညီကုိယ္တိုင္ခ်က္ျပဳတ္စားေသာက္ပါ

*တစ္ႏွစ္ကိုတစ္ခါ ဆရာ၀န္နဲ႔ စစ္ေဆးျပသပါ။
*ညစဥ္ညတုိင္း တရားထုိင္ျပီးစိတ္ဖိစီးမႈေတြကုိေျဖေဖ်ာက္ပါ

ဒီအခ်က္ေလးေတြကုိပံုမွန္အတိုင္းလိုက္နာသြားမယ္ဆုိရင္က်န္းမာသာယာတဲ႔ဘ၀ကုိပုိင္ဆုိင္ႏုိင္မွာအမွန္ပါပဲ။

Unicode

ရွယ်တူတွေနဲ့ယှဉ်လိုက်တဲ့အခါ ကိုယ်က ပိုပြီးအိုမင်းသွားတယ်လို့မခံစားချင်ရင် အသက် ၃၀ ကျော်တဲ့အခါ ဒီအချက်တွေကို သေချာလိုက်နာသင့်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီး အလေးထားလာသင့်တာလေးတွေပေါ့။ငယ်တုန်းတော့ကျန်းမာတယ်ဆိုပြီးနေချင်နေသလိုနေကြပေမဲ့ အသက် ၃၀ ကျော်လာတဲ့နောက်ပိုင်း ကျန်းမာရေးကို အပျော်အပါးထက်ပိုအလေးပေးသင့်ပါပြီ။ဒါမှ တဖြည်းဖြည်းအသက်ကြီးလာတဲ့အခါ သူများတွေထက် စိတ်ပျိုကိုယ်နုနေမှာပါ။ဒီတော့ ဘယ်လိုအချက်တွေကို သိထားလိုက်နာရမလဲ?

*မနက်စာ၊နေ့လည်စာ၊ညစာကို ကျန်းမာရေးနဲ့ညီညွတ်မျှတစွာစားပါ

*တစ်နေ့ကို နာရီဝက် လေ့ကျင့်ခန်းလုပ်ပါ

*အိပ်စက်ချိန်က စုစုပေါင်း ၇နာရီကနေ ၉နာရီထိရှိပါစေ

*ကိုယ်အလေးချိန်ကိုထိန်းပါ။ဒီထက်ပိုမတက်လာပါစေနဲ့

*ဆေးလိပ်သောက်တတ်ရင် ကြိုးစားပြီး စဖြတ်ပါတော့

*အရက်သောက်တဲ့အခါ ၂ခွက်ထက်ပိုမသောက်ပါနဲ့။ဖြစ်နိုင်ရင် ၁ခွက်လောက်ပဲသောက်ပါ

*ကိုယ့်အတွက်မကောင်းတဲ့လူတွေကို ပတ်ဝန်းကျင်ကနေ ဖယ်ရှားပါ

*ရေဓာတ်ပြည့်ပြည့်၀၀ရှိပါစေ

*မကောင်းတဲ့အကျင့်တွေကို ဖျောက်ပါ

*အပြင်စာ အစားအသောက်တွေထက် ကျန်းမာရေးနဲ့အညီကိုယ်တိုင်ချက်ပြုတ်စားသောက်ပါ

*တစ်နှစ်ကိုတစ်ခါ ဆရာဝန်နဲ့ စစ်ဆေးပြသပါ။

*ညစဉ်ညတိုင်း တရားထိုင်ပြီးစိတ်ဖိစီးမှုတွေကိုဖြေဖျောက်ပါ

ဒီအချက်လေးတွေကိုပုံမှန်အတိုင်းလိုက်နာသွားမယ်ဆိုရင်ကျန်းမာသာယာတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာအမှန်ပါပဲ။

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.