Gangwon ပြည်နယ်မီးဘေးသင့်သူတွေအတွက် ကူညီလှူဒါန်းပေးခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်များ

ဧပြီ ၄ရက်နေ့တုန်းက Gangwon ပြည်နယ်တစ်ဝိုက်မှာ တောမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တောမီးဟာ Goseong County မှ စတင်ခဲ့တယ်လို့သိရပြီး သိပ်မကြာခင်မှာပဲ Sokcho မြို့ကိုပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ Gangwon ပြည်နယ်မှာရှိတဲ့ Sokcho ၊ Gangneung ၊ Donghae စတဲ့မြို့တွေထိ မီးဘေးသင့်ပြည်သူတွေရှိခဲ့ပြီး လူတစ်ဦးသေဆုံးကာ လူ ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ခဲ့တဲ့အတွက် နာမည်ကျော်အနုပညာရှင်တွေဟာ Hope Bridge Disaster Relief ဆိုတဲ့အဖွဲ့အစည်းကိုငွေကြေးလှူဒါန်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။မီးဘေးသင့်ပြည်သူတွေအတွက် နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ PSY ဟာ ကိုရီးယားဝမ်ငွေ သန်း ၁၀၀ လှူဒါန်းခဲ့တယ်လို့သိရပြီးမင်းသားLee Byung Hun နဲ့ မင်းသမီး Lee Min Jung တို့ဇနီးမောင်နှံဟာလည်း သန်း ၁၀ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

“SKY Castle” မှ မင်းသမီး Kim Seo Hyung ဟာလည်း ကိုရီးယားဝမ်ငွေ ၁၀ သန်းလှူဒါန်းခဲ့ပါတယ်။သူမရဲ့မွေးရပ်မြေဟာ Gangwon ပြည်နယ်၊Gangneung မြို့ဖြစ်တယ်လို့လည်းသိရပါတယ်။နာမည်ကျော်အနုပညာရှင်ဇနီးမောင်နှံ Jo Jung Suk နဲ့ Gummy ၊မင်းသား Jung Hae In တို့ဟာလည်း
ဝမ်ငွေသန်း ၃၀ စီလှူဒါန်းခဲ့ကြပါတယ်။မင်းသမီး So Yoo Jin ကတော့ ဝမ်ငွေ သန်း ၅၀ လှူဒါန်းခဲ့တယ်လို့သိရပြီး နာမည်ကျော်အဆိုတော် Im Siwan ၊
CNBLUE အဖွဲ့ဝင် Kang Min Hyuk တို့က ၀မ်ငွေ သန်း ၂၀ စီလှူဒါန်းခဲ့ကြပါတယ်။

မင်းသား Jung Kyung Ho ၊ ASTRO အဖွဲ့ဝင်အဆိုတော်မင်းသား Cha Eun Woo ၊ မင်းသမီး Kim So Hyun ၊Chun Woo Hee စတဲ့ နာမည်ကျော်အနုပညာရှင်တွေကလည်း ၀မ်ငွေ ၁၀သန်းစီ ကိုယ်စီလှူဒါန်းခဲ့ကြတယ်လို့သိရပါတယ်။

Source:Soompi

40 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.