အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ Jason (Zac Efron), Daniel (Miles Teller) နဲ့ Mikey (Michael B. Jordan) တို့ဟာအတူတကွနေထိုင်ကြသူတွေဖြစ်ပါတယ်။ Mikey ကသူ့ကောင်မလေးနဲ့ပြတ်တဲ့အခါ ကြေကွဲနေမယ့်အစား မေ့ပျောက်ပြီးပျော်ပျော်နေဖို့ ကျန်သူငယ်ချင်းနှစ်ယောက်ကတွန်းအားပေးခဲ့ပါတယ်။
သူတို့ ဘားတစ်ခုကိုသွားခဲ့ကြပါတယ်။ ကံမကောင်းစွာနဲ့ Mikey တစ်ယောက်က ကြေကွဲမှုတွေကိုမဖြေဖျောက်နိုင်သေးပါဘူး။ Jason က ကောင်မလေး Ellie (Imogen Poots) ကိုအိမ်ခေါ်လာတဲ့အခါ Daniel ကစိတ်ပျက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ပါတ်အတွင်းမှာ မိန်းကလေးတစ်ယောက်နဲ့နှစ်ခါမတွေ့ရဘူးလို့သူတို့ သဘောတူညီမှုလုပ်ထားလို့ပါ။ ဒါပေမယ့် Daniel ကလဲ Chelsea (Mackenzie Davis) နဲ့နီးစပ်လာပြီး သူသုံးယောက်ရဲ့ဘ၀နဲ့ စိတ်နေစိတ်ထားတွေ ပြောင်းလဲလာပြီဆိုတာကို သိလာကြပါတယ်။
That Awkward Moment ဟာဒါရိုက်တာ Tom Gormican ရိုက်ကူးထားတဲ့ အချစ်ဟာသဇာတ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်တွေအဖြစ် Zac Efron, Miles Teller, Michael B. Jordan, Imogen Poots နဲ့ Mackenzie Davis တို့ကအဓိကပါဝင်ထားတာဖြစ်ပါတယ်။ ဇန်န၀ါရီလ ၃၁ ရက်နေ့မှာထွက်မှာဖြစ်ပါတယ်။
Ref:imdb