အသည်းကွဲရင်ပျောက်တဲ့ ဆေးဆိုတာ မရှာလို့မတွေ့တာပါ…

အရမ်းရိုမန်တစ်ဆန်တဲ့ စုံတွဲတွေ တစ်ချိန်မှာ ကောင်းကောင်းအဆုံးသတ်နိုင်သလို
နာကျင်စရာတွေအပြည့် ခံယူလိုက်ရတဲ့အခါတွေလည်းရှိပါတယ်။ ဘယ်အရာမှ ကြိုတွေးလို့
မရလို့ တသတ်မတ်တည်း မတွေးထားပါနဲ့။

ချစ်သူနဲ့ပြတ်လို့ အသည်းကွဲပြီဆို ဒါလေးတစ်ခုပြောပြမယ်

Related image

လမ်းခွဲလိုက်ပြီဆို အရာရာတိုင်းက ခက်ခဲပါတယ်။ ဘာမှ မစားချင် မသောက်ချင် ၊အိပ်လို့လည်း
မရ ၊ သူနောက်တစ်ယောက်ရသွားပြီလား ဆိုတဲ့ အတွေးပေါင်းများစွာက နှိပ်စက်နေဦးမှာ ။
ခံပေဦးပေါ့။ ဘယ်လိုအကြောင်းကြောင့်ပဲပြတ်ပြတ် အဆင်မပြေတော့ဘူးလို့ ထင်ရင်
Rs တစ်ခုကို ရှေ့ဆက်ဖို့ တွန်းအားမပေးတာကောင်းမယ်။

ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပါ

ဘဝက တိုတိုလေးပါ။ ပင်လယ်ထဲမှာလည်း ငါးတွေအများကြီးရယ်… သွေးပူနေတုန်း
ခံစားနေရတာ နားလည်ပေမယ့် အချိန်ကြာတဲ့ထိ ဖီးလ်မနေသင့်တော့ဘူးလေ။
ယောက်ျားဆိုတာလည်း ဒီတစ်ယောက်တည်းရှိတာမဟုတ်ဘူးနော်။ ကိုယ်ချစ်ပေမယ့်
အချစ်မခံနိုင်တဲ့ ယောက်ျားတစ်ယောက်ကို တွယ်ကပ်စရာမလိုဘူးလေ။
မင်းမှာ ဘာချို့ ယွင်းချက်ရှိနေလို့ သူများတွယ်ကပ်ရတဲ့ဘဝမှာ နေမှာလဲ ? စဉ်းစားပါ။
နာကျင်နေတဲ့ နှလုံးသားကို လှပတဲ့အချစ်တွေနဲ့ ပြန်တန်ဆာဆင်ပေးမယ့် ဖန်တီးရှင်ကို
မင်းတွေ့ရဦးမှာပါ။ ဖူးစာဆိုတာ အလကားပြောထားတာမဟုတ်ဘူးလေ။

အခြားနည်းလမ်း မရှိပါဘူး

Related image
ပြတ်ပြီး ပြန်အဆင်ပြေသွားတဲ့ စုံတွဲဆိုတာ ၁ဝဝမှာ ၁ယောက်လောက်ပါပဲ။ အဆုံးသတ်နေတဲ့
လမ်းတစ်ခုကို ဆက်လျှောက်နေလည်း ခြေညောင်းရုံပဲ အဖက်တင်မှာပေါ့။ မင်းပေးဆပ်ပြီးပြီ။
ကိုယ့်ပေးဆပ်မှုက တန်ရဲ့လားဆိုတာလည်း ပြန်စဉ်းစားကြည့်ပါဦး… လူတစ်ယောက်ကို
ချစ်ဖို့ဆိုတာ မလွယ်ပါဘူး။ မလွယ်တဲ့အလုပ်ကို ဒီလိုအဆုံးသတ်ခွင့်ရတာ မင်းပိုတောင်
ပျော်ရဦးမယ်။ မင်းလွတ်လပ်ပြီ.. မင်းဝေးဝေးကို ပျံသန်းနိုင်ပြီ..

စိတ်ကြိုက်လူနဲ့ ဒိတ်လို့ရ

ဒီတစ်ယောက်တည်းနဲ့ ချစ်၊ တစ်ယောက်တည်းနဲ့ပဲ လက်ထပ်မယ်လို့ စိတ်ကူးထားလား။
မိန်းကလေးအများစုကတော့ ကိုယ်ချစ်တဲ့ယောက်ျားကိုပဲ လက်ထပ်ချင်တာပေါ့။ ဒါပေမယ့်
ဘဝက ထင်ထားသလိုဖြစ်မလာတာ သိတယ်မလား ။ လူဆိုတာ အပြောင်းလဲမြန်ဆုံး
သတ္တဝါပါ။ သူဟာ အခုမင်းကိုချစ်နေပေမယ့် နောက်နေ့ မချစ်တော့ရင်.. ???
ကိုယ်လိုချင်တဲ့ အထည်ကို အချိန်ပေးရွေးသလိုပဲ ယောက်ျားဆိုတာလည်း အချိန်တစ်ခုပေးပြီး
စိတ်ရှည်ရှည်နဲ့ ရွေးဖို့လိုပါတယ်။ နှလုံးသားချည်း ဦးစားမပေးပါနဲ့။ ဦးနှောက်နဲ့လည်း တွေးပါ။

ကိုယ့်ကိုကိုယ် အချိန်ပေးပါ

Image result for breakup
လမ်းခွဲရတဲ့ ခံစားချက်က အခြားအရာတွေထက် ပိုနာကျင်ရပါတယ်။ ဒါကြောင့် အချိန်ပေးပြီး
ကိုယ့်ကိုကိုယ် တည်ဆောက်ပါ။ ကိုယ့်ကိုကိုယ် ပိုချစ်ပါ။ ဝါဿနာပါရာတွေ လုပ်ပါ။
ခရီးသွား ၊ လိုချင်တာ​ဝယ် ၊ စာများများဖတ်လို့သာ ပြောချင်ပါတယ်။

87 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.