ကယ်လိုရီတွေဟာ ဒီလိုနည်းလမ်းတွေနဲ့ လောင်ကျွမ်းတယ်ဆိုတာ သင်သိပါသလား?

လူတစ်ယောက်ဟာ လေ့ကျင့်ခန်းမလုပ်ပဲ တစ်ရက်ကို ကယ်လိုရီ ၂၄၀၀ လောင်ကျွမ်းနိုင်စွမ်းရှိပါတယ်တဲ့။ဘယ်လိုပါလိမ့်?
ပေါင် ၁၅၀ ရှိတဲ့သူတစ်ယောက်ကို အခြေခံပြီးလေ့လာထားတဲ့ ဆန်းစစ်ချက်တွေအရ ကယ်လိုရီတွေဟာ ဒီလိုနည်းလမ်းအထွေထွေနဲ့
လောင်ကျွမ်းသွားပါတယ်တဲ့။ဗဟုသုတအနေနဲ့ သိထားရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

*ရေချိုးရင်းသီချင်းဆိုတာ အသံအတိုးအကျယ်၊အသံထုတ်နှုန်းတွေပေါ်မူတည်ပြီး ကယ်လိုရီ ၁၀ကနေ ၂၀ အတွင်းလောင်ကျွမ်းပါတယ်။

*၁၀မိနစ်ကြာရယ်မောတာဟာ ကယ်လိုရီ ၂၀ကနေ ၄၀ကြားလောင်ကျွမ်းစေပါတယ်။

*ပျမ်းမျှအားဖြင့် သုံးမိနစ်ကြာသွားတိုက်ပေးတာဟာ ကယ်လိုရီ ၁၀နီးပါးလောင်ကျွမ်းပါတယ်တဲ့။

*ဈေးဝယ်စင်တာထဲမှာ နာရီဝက်လောက် လက်တွန်းလှည်းနဲ့ လျှောက်သွားလျှောက်လာလုပ်နေတာက ကယ်လိုရီ ၁၀၀ ကျော်လောင်ကျွမ်းစေပါတယ်။

*တီဗီရှေ့မှာ အချိန်တစ်နာရီကုန်ဆုံးတာကတော့ ၆၅ကယ်လိုရီလောက် လောင်ကျွမ်းစေတယ်လို့သိရပါတယ်။

*၁၀မိနစ်လောက် ကခုန်ပေးတာကလည်း ကယ်လိုရီ ၅၀ကျော် ၆၀နီးပါးလောင်ကျွမ်းစေပါတယ်။

*တစ်ယောက်ယောက်ကို တစ်နာရီလောက်ဖက်ထားပေးမယ်ဆိုရင် ၇၀ ကယ်လိုရီလောင်ကျွမ်းပါတယ်

*ကိုယ့်ချစ်သူနဲ့တစ်မိနစ်လောက် နမ်းမယ်ဆိုရင်တော့ ၅ကယ်လိုရီနီးပါးလောင်ကျွမ်းတယ်လို့သိရပါတယ်။

*ခွေးလေးနဲ့ နာရီဝက်လောက် လမ်းလျှောက်ထွက်ပေးမယ်ဆိုရင်တော့ ကယ်လိုရီ ၁၀၀ နီးပါးလောင်ကျွမ်းမှာပဲဖြစ်ပါတယ်။

*ပီကေ၀ါးတာက တစ်နာရီကို ၁၁ ကယ်လိုရီနီးပါးလောင်ကျွမ်းစေပါတယ်။

*အေးတဲ့နေရာမှာထိုင်တာဟာ ပူတဲ့နေရာမှာထိုင်တာထက် ကယ်လိုရီလောင်ကျွမ်းမှုပိုများပါတယ်။

ဒီလိုအချက်လေးတွေကတော့ သင့်ခန္ဓာကိုယ်ထဲက အဆီပိုတွေကို နည်းအမျိုးမျိုးနဲ့လောင်ကျွမ်းသွားစေတဲ့အချက်လေးတွေပဲဖြစ်ပါတယ်။

Source:thefactsite

67 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.