ပရိသတ်တွေချစ်ကြတဲ့မင်းသမီးချောလေး Emma Watson အကြောင်း

Emma Watson လို့ဆိုလိုက်ရင် လူငယ်ပရိသတ်တွေကြားမှာရော နှုတ်ခမ်းနီမလေးတွေကြားမှာပါ နာမည်ကျော်ကြားတဲ့မင်းသမီးချောလေးကို ပြေးမြင်မိကြမှာအမှန်ပါပဲ။သူမကိုချစ်တယ်ဆိုရင် သူမရဲ့ ဒီလိုအကြောင်းအရာလေးတွေလည်းသိထားဖို့လိုတယ်နော်။ဒါမှ ကိုယ့်မင်းသမီးက ဘယ်လို ဘာညာဆိုပြီး အပြိုင်အဆိုင်ပြောလို့ရမှာပေါ့။ကဲ ဘာတွေသင် မသိသေးဘူးလဲ ကြည့်လိုက်ပါဦး

*Emma Watson ကို အားလုံးက ဗြိတိန်မင်းသမီးလို့သိထားကြပေမဲ့ တကယ်တော့ သူမဟာ ပြင်သစ်နိုင်ငံ၊ပဲရစ်မြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ပြင်သစ်စကား
လည်းအနည်းငယ်တတ်ကျွမ်းတယ်လို့သိရပါတယ်။

*Emma ကို ၁၉၉၀ ၊ ဧပြီ ၁၅ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီးသူမရဲ့ နာမည်အရင်း အပြည့်အစုံက Emma Charlotte Duerre Watson ဖြစ်ပါတယ်။

*သူမက အသက် ၆နှစ်အရွယ်ကတည်းက မင်းသမီးဖြစ်ချင်ခဲ့တာလို့သိရပြီး ကလေးဘ၀ကတည်းက အောက်စဖိုဒ့်တက္ကသိုလ်အခွဲ
Stagecoach Theatre Arts မှာ အချိန်ပိုင်းတက်ခဲ့ဖူးပါတယ်။

*ပရိသတ်တွေသိတဲ့အတိုင်း ကလေးသရုပ်ဆောင်အဖြစ် သူမ ပထမဆုံးစလုပ်ခဲ့တဲ့ဇာတ်ရုပ်ဟာ နာမည်ကျော် Harry Potter ထဲက Hermione Granger
ဖြစ်ပါတယ်။

*သူမ အသက် ၁၅နှစ်မှာ Teen Vogue ရဲ့ မဂ္ဂဇင်းမျက်နှာဖုံးအဖြစ်ပါဝင်ခဲ့ရပါတယ်။အဲ့ဒီအချိန်တုန်းက သူမဟာ မဂ္ဂဇင်းမျက်နှာဖုံးမှာပါဝင်တဲ့ အငယ်ဆုံး
သရုပ်ဆောင်ဖြစ်ပါတယ်။

*သူမဟာ Hermione Granger ထဲမှာ အနီရောင်ဆံပင်နဲ့ဖြစ်ပေမဲ့ သူမရဲ့ သဘာဝဆံပင်အရောင်က အညိုရောင်ပါ။

*Emma အကြိုက်ဆုံးရုပ်ရှင်ဟာ Notting Hill ဖြစ်ပြီး အကြိုက်ဆုံးတီဗီရှိုးက Friends ဖြစ်ပါတယ်။

*သူမပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေဟာ ဒေါ်လာ ၅.၄ ဘီလီယံကျော်ရရှိခဲ့ပြီးနော် Emma ဟာ ၀င်ငွေအမြင့်ဆုံးမင်းသမီးအဖြစ် ဂရင်းနစ်စံချိန်
တင်ခဲ့ဖူးပါတယ်။

*Emma ရဲ့ အချစ်ဆုံးသူငယ်ချင်းက America’s Next Top Model Winner “Sophie Sumner”ဖြစ်ပါတယ်။

*Emma Watson ဟာ Harry Potter ရိုက်တုန်းက Tom Felton ကို တစ်ဖက်သတ်သဘောကျခဲ့ဖူးတယ်လို့ဖွင့်ဟပြောခဲ့ဖူးပါတယ်။အခုတော့
သူတို့ရဲ့ သူငယ်ချင်းသက်တမ်းဟာ နှစ်ပေါင်းမနည်းတော့ပါဘူး။

*Emma Watson ရဲ့ တစ်နှစ်တာဝင်ငွေဟာ ဒေါ်လာ သန်း ၈၀ ၀င်ငွေရှိပါတယ်။တကယ့်ကို ၀င်ငွေကောင်းတဲ့မင်းသမီးတစ်လက်ဖြစ်သလို သူမရဲ့ 
သရုပ်ဆောင်ချက်တွေကလည်း တဖြည်းဖြည်းနဲ့ကိုပိုပြီးကောင်းမွန်လာတာပါ။

*Emma Watson ရဲ့ လက်ရှိအချစ်ရေးကိုပြောရမယ်ဆိုရင် သူမဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ Brendan wallace နဲ့
လက်တွဲနေပါတယ်။အခုထိတော့ အချစ်ရေးလေးက အေးအေးဆေးဆေး သာသာယာယာပါပဲ။

Emma ဟာ အခုလက်ရှိမှာတော့ Little Women ဇာတ်ကားကို Timothee Chalamet ၊ Saoirse Ronan ၊ Florence Pugh ၊
Meryl Streep စတဲ့နာမည်ကျော်အနုပညာရှင်တွေနဲ့အတူ ပါဝင်ရိုက်ကူးနေပါတယ်။ဒီဇင်ဘာ ၂၅ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်တယ်လို့သိရပါတယ်။

ကဲ ဒီလောက်ဆိုရင် Emma ကိုချစ်တဲ့ပရိသတ်တွေလည်း စိတ်ကျေနပ်မယ်ထင်ပါတယ်နော်။

22 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.