ဇနီးချောလေးက ကိုယ်ဝန်လွယ်ထားရပြီဖြစ်လို့ ပျော်ရွှင်နေတဲ့ မင်းသား Lee Pil Mo

နာမည်ကျော်တောင်ကိုရီးယားအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသား Lee Pil Mo ရဲ့ဇနီးချောလေး Seo Soo Yeon ဟာ ပထမဆုံးရင်သွေးလေးကို
လွယ်ထားးရပြီလို့သိရပါတယ်။

ဧပြီ လေးရက်နေ့က မီဒီယာတစ်ခုကနေ သူတို့ဇနီးမောင်နှံမှာ ရင်သွေးလေးရှိနေပြီး မိဘကောင်းတွေဖြစ်ဖို့ ကြိုတင်ပြင်ဆင်
နေကြပြီလို့ ဖော်ပြခဲ့ပါတယ်။မကြာသေးခင်ရက်ပိုင်းကလည်း မင်းသား Lee Pil Mo ဟာ tvN ရဲ့ “Life Bar” အစီအစဉ်မှာပါဝင်ခဲ့ပြီးသူ့ရဲ့ အိမ်ထောင်ရေးအကြောင်း၊အနာဂတ်အစီအစဉ်တွေအကြောင်းပြောပြသွားခဲ့သေးတယ်လို့သိရပါတယ်။

နာမည်ကျော်ဇာတ်လမ်းတွဲတွေမှာ အမြဲမြင်တွေ့နေရတဲ့ မင်းသား Lee Pil Mo ဟာ သူ့ရဲ့ ချစ်စရာဇနီးချောလေး Seo Soo Yeon နဲ့
“Taste of Dating” ရသစုံရှိုးမှာ စတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ချစ်သူတွေအဖြစ် ငါးလတာအချိန်ကာလကိုဖြတ်သန်းခဲ့ပြီး ၂၀၁၉ ဖေဖော်ဝါရီ ၉ရက်နေ့မှာ လက်ထပ်ခဲ့ကြတာပါ။အခုတော့
သားသားလေးလား မီးမီးလေးလား ပိုင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။

Congratulations to the happy couple!

35 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.