Netherlands နိုင်ငံက ထူးထူးခြားခြားမြို့လေးတစ်မြို့အကြောင်း…

ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Netherlands ဟာ သဘာဝအလှအပတွေရှိရာနေရာတစ်ခု၊ခရီးသွားတွေအနှစ်သက်ဆုံးနေရာတစ်ခုအဖြစ်
လူသိများထင်ရှားပါတယ်။အဲ့ဒီလိုသာယာလှပတဲ့နိုင်ငံမှာ Giethoorn ဆိုတဲ့ မြို့လေးတစ်မြို့ကလည်း ထူးခြားတဲ့မြို့လေးအဖြစ် ကျော်ကြားပါတယ်။
မြို့သေးသေးလေးကို “Venice of the Netherlands” လို့လည်းတင်စားသတ်မှတ်ထားကြတယ်။

ဒီမြို့လေးက ဘာထူးခြားတာလဲဆိုရင် လူဦးရေ ၃၀၀၀ နီးပါးသာရှိတဲ့ မြို့လေးမှာ ကားလမ်းမရှိတာပါပဲ။ကားလမ်းမရှိသလို အိမ်စီးကား၊ဘတ်စ်ကားစတဲ့ယာဉ်တွေကိုလည်းမတွေ့ရပါဘူး။သူတို့မှာ တစ်နေရာနဲ့တစ်နေရာကို ဆက်သွယ်သွားလို့ရတဲ့ ရေလမ်းကြောင်းတစ်ခုသာရှိပါတယ်။လှေလေးတွေနဲ့သာ လှော်ခတ်သွားလာလို့ရပြီးပတ်ဝန်းကျင်တစ်ခုလုံးကလည်းအပင်တွေနဲ့စိမ်းစိုသာယာနေတာဖြစ်ပါတယ်။တကယ့်ကို စိတ်သက်တောင့်သက်သာဖြစ်စေရတဲ့ မြို့လေးပါ။အိမ်လေးတွေအကုန်လုံးက ရေပတ်လည်ဝန်းရံနေသလိုဖြစ်ပြီး စက်ဘီးတွေ၊လှေလေးတွေနဲ့သာ သွားလာလို့ရတဲ့အတွက် ပန်းခြံတစ်ခုလိုတောင်ဖြစ်နေပါတယ်။

Giethoorn မှာ တံတားပေါင်း ၁၅၀ကျော်ရှိပြီး အိမ်လေးတွေနဲ့ ချိတ်ဆက်ထားသလိုပါပဲ။ဘယ်ကိုသွားသွား လှေလေးလှော်ခတ်ပြီး သွားရတာကိုက ဒီမြို့လေးရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။မျိုးစုံအသုံးပြုလို့ရတဲ့လှေ၊လှေအသေးလေး၊မော်တော်ဘုတ်ပြားစတဲ့လှေမျိုးစုံငှားရမ်းသွားလာလို့ရပြီး  လှေအားလုံးကိုလျှပ်စစ်မော်တာသာသုံးခွင့်ပြုထားပါတယ်။ဒီဇယ်အင်ဂျင်သုံးခွင့်မပြုထားပါဘူး။

ပြီးတော့ ဒီမြို့လေးဟာ ဂျူးဒါရိုက်တာ Bert Haanstra ရိုက်ကူးတဲ့ရုပ်ရှင်ကားတစ်ကားမှာပါဝင်ခဲ့ပြီး ၁၉၆၀ ခုနှစ်ကစလို့ ပိုပြီးလူသိများလာခဲ့တာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာဆိုရင် တရုတ်လူမျိုးခရီးသွားတွေမျက်စိကျစရာနေရာဖြစ်ပြီး တစ်နှစ်ကို တရုတ်လူမျိုးခရီးသွား၁သိန်းခွဲကနေ ၂သိန်းခွဲလောက်ထိ မြင်တွေ့ရတယ်လို့သိရပါတယ်။

Netherlands ကိုခရီးထွက်မယ်ဆိုရင် ဒီမြို့လေးကိုလည်း အလည်အပတ်သွားခဲ့ဖို့မမေ့နဲ့နော်။

The wonderful village without roads that you wish you never had to leave

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.