မိန်းကလေးတစ်ယောက်ရဲ့အချစ်ကို ဘယ်လိုရအောင် သိမ်းပိုက်မလဲ

ယောက်ျားဆိုတာ ရုပ်မချောရင် နေပါစေ.. အပြောကြွယ်ဖို့လိုတယ်လို့ ပြောကြတယ်မလား။
တကယ်လည်း ယောက်ျားတစ်ယောက်အတွက် စကားပြောကောင်းဖို့ လိုပါတယ်။
ပြောတဲ့ စကားတွေမှာလည်း လေးနက်မှုတွေ ပါနေဖို့လိုတာပေါ့။

Related image

မိန်းကလေးတွေက သိပါတယ်နော်။ ကိုယ့်ကိုစိတ်ဝင်စားတဲ့ ယောက်ျားလေးတစ်ယောက်
စကားပြောရင် အတည်လား ၊ ပေါ့ပျက်ပျက်လားဆိုတာလောက်တော့ သူတို့ခန့်မှန်းတတ်ပါတယ်။
အပေါ်ယံလောက် စိတ်ဝင်စားပြီး ပေါ့ပျက်ပျက် သွားကြူနေရင်တော့ သူမဆီက
လေးနက်မှုမရှိတဲ့ အဖြစ်စကားတွေသာ ပြန်ရပါလိမ့်မယ်။

မိန်းကလေးတွေက သူတို့မကြိုက်ရင်တော့ လုံးဝပဲ။ မင်းဟာ ဘာကြီးဖြစ်လို့ ဘယ်လောက်ပဲ
ချမ်းသာပါစေ သူမအချစ်ကို ရနိုင်မှာမဟုတ်ပါဘူး။ ခါးခါးသီးသီးဖြစ်နေတဲ့ မိန်းကလေးကိုတော့
စိတ်ညစ်ခံပြီး မလိုက်ပါနဲ့တော့ …

Image result for dating

ဖူးစာဆိုတာလည်း ရှိသေးတယ်လေ။ ကိုယ်က သူ့ကိုအရမ်းချစ်ပေမယ့် ကံမပါရင်တော့
ညားမှာမဟုတ်ဘူးဆိုတာ လက်ခံထားပါ။ တကယ်ချစ်ရင်တော့ မေတ္တာဆိုတာ ရောင်ပြန်ဟပ်
ပါတယ်။ မိန်းကလေး တစ်ယောက်နဲ့ တစ်ယောက်ကတော့ အကြိုက်မတူနိုင်ပါဘူး။
မင်းကြိုက်တဲ့ မိန်းကလေးက ဘယ်လို type မျိုးဆို ပိုစိတ်ဝင်စားလဲဆိုတာ လေ့လာပါ။
မိန်းကလေးအများစုက ခပ်ဆိုးဆိုးကောင်လေးတွေကို ပိုသဘောကျကြတယ်။
အေးအေးဆေးဆေး ကောင်လေးတွေကိုလည်း သဘောကျမှာပါ။

ဒါပေမယ့် အများစုကတော့ ငဆိုးတွေရဲ့ဆွဲဆောင်မှုအောက်မှာ ကျရှုံးနေကြတာများတယ်။
လူဆိုတာ ပြောလို့မရပါဘူး။ ဆိုးနေတဲ့လူဟာ နောက်နေ့ ချက်ချင်းကောင်းသွားနိုင်တယ်။
အေးဆေးနေတဲ့သူဟာလည်း နောက်နေ့ စိတ်ဖောက်ပြီး ဆိုးချင်ဆိုးသွားနိုင်ပါတယ်။
ခပ်ဆိုးဆိုးချစ်သူတစ်ယောက်ကို မိန်းကလေးတွေက ပိုယစ်မူးပါတယ်။ ဒါကလည်း
တကယ်ချစ်လို့ပေါ့။ မချစ်ရင် ဘယ်သူက စိတ်ဒုက္ခခံမလဲ။ ဒီလိုပြောလို့ ကိုယ်ကြိုက်တဲ့
မိန်းကလေးရှေ့ ဆိုးပြရမယ် မဆိုလိုပါဘူး။

Image result for girl date with bad guy

မိန်းကလေးတွေဟာ ဂရုစိုက်တာ ၊ အသေးစိတ်ကျတာမျိုး ၊ ကူညီတတ်တဲ့လူမျိုးတွေဆို
သိပ်သဘောကျပါတယ်။ သူတို့ကိုရယ်အောင် ဟာသတွေပြောနိုင်တဲ့လူ ၊ ရင်ခုန်အောင်
အမျိုးမျိုး ပြုစားတတ်တဲ့သူတွေကို ပိုအာရုံစိုက်ပါတယ်။ မိန်းကလေးတွေဟာ နားလည်ရခက်
တယ်ဆိုပေမယ့် ဒီအချက်တွေကတော့ တစ်ခုမှမလွဲပါဘူး။ သူတို့လိုချင်တဲ့ အရာတွေ
ကွက်တိပါပဲ။ ကဲ.. ကြိုးစားကြည့်ပေတော့ ချိဖတို့ရေ…

175 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.