Billie Eilish ကို Billbord 200 chart မှာ နံပါတ် ၁ဖြစ်လာနိုင်ချေရှိတယ်လို့ ခန့်မှန်းနေကြ

Alternative အဆိုတော်မလေးဖြစ်တဲ့ Billie Eilish ရဲ့အကြောင်းကို သိပြီးသူလည်း ရှိသလို
မသိသေးသူတွေအတွက် အရင်ဆုံးပြောပြပါမယ်။

Image result for Billie Eilish
ဂျစ်ကန်ကန် ပုံစံလေးနဲ့ ဆွဲဆောင်မှုရှိတဲ့  အသက် ၁၇နှစ်အရွယ် Billie Eilish ဟာ ၂ဝဝ၁ခုနှစ် ၁၂လပိုင်း ၁၈ရက်မှာ မွေးဖွားခဲ့ပါတယ်။ သူမနာမည်ရင်းကတော့ Billie Eilish Baird O’Connell ပါ ။ Billie မှာ ခပ်ချောချော အစ်ကိုတစ်ယောက်လည်းရှိပါ
သေးတယ်တဲ့။

Image result for billie eilish with her brother

သူမ အစ်ကို Finneas O’Connell ဟာ အဆိုတော် ၊ တေးရေး ၊ Record producer
တစ်ယောက်လည်းဖြစ်ပါတယ်။ Billie ရဲ့ဖျော်ဖြေပွဲတိုင်း ဂီတာ (သို့) keyboard တီးနေသူ
ဟာ Finneas ပါ။ ငယ်ငယ်တည်းက အနုပညာပါရမီပါတဲ့ Billie ဟာ အသက် ၁၁နှစ်မှာ
ကိုယ်ပိုင်သီချင်းစာသားတွေကို ဖန်တီးတတ်နေပါပြီ။

Related image

သူမကို ပရိတ်သတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတာ Avocado နဲ့ Eyelash ပါတဲ့။
လောလောလတ်လတ် ထွက်ရှိထားတဲ့ When We All Fall Asleep, Where Do We Go
Album ဟာ perorder ပေါင်း 800k ကျော်တောင်ရရှိထားခဲ့ပါတယ်။ အခုဆို နိုင်ငံပေါင်း ၁ဝဝရဲ့
itunes chart တွေမှာ နံပါတ်တစ်ချိတ်နေပါပြီ။ US Apple Music Album Chart မှာတော့
နံပါတ်တစ် ၁ ကိုရရှိထားပြီဖြစ်ပါတယ်။

Image result for Billie Eilish

နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ Sam Smith, Avril Lavigne , Hayley Williams,
Sara တို့ဆီကလည်း feedback ကောင်းကောင်းရထားပြီးသားပါ။

သူမကို Billboard 200 chart မှာ နံပါတစ်ဖြစ်လာနိုင်ချေရှိတယ်လို့ ခန့်မှန်းထားကြတာဖြစ်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့ဆို Billboard chart 200 ကို ထုတ်ပြန်သွားတော့မှာဖြစ်တဲ့အတွက် နားစွင့်ထားလိုက်ရအောင်နော်…

11 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.