ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးသွားတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေဆိုတာ…

အခု ကေဒရာမာဇာတ်လမ်းတွဲတွေလည်းကောင်းပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကထွက်ရှိခဲ့တဲ့ဇာတ်လမ်းတွဲတွေလောက် ရင်ထဲမရောက်တာအမှန်ပါ။
အခုထိ ရင်ထဲတသသဖြစ်ကျန်နေရတဲ့ ကိုရီးယားဇာတ်လမ်းတွဲကောင်းတွေက ဘာဇာတ်လမ်းတွဲတွေဖြစ်မလဲ၊ကိုယ်တို့တွေအကြိုက်ချင်းတူရဲ့လား
ကြည့်လိုက်ပါဦး

My Girl
၂၀၀၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ My Girl ဇာတ်လမ်းတွဲဟာဆိုရင် အခုချိန်ထိပရိသတ်တွေရင်ထဲမှာ ရှိနေဆဲပါ။နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့
Lee Da-hae ၊ Lee Dong-wook ၊ Lee Joon-gi ၊ Park Si-yeon စတဲ့ အနုပညာရှင်တွေပါဝင်ထားတဲ့ ဒီဇာတ်လမ်းတွဲလေးဟာ ဘယ်အချိန်ကြည့်ကြည့်
မရိုးနိုင်တဲ့ဇာတ်လမ်းတွဲလေးလည်းဖြစ်ပါတယ်။သီချင်းလေးကအစ နားထောင်ကောင်းတာနော်

Love Story in Harvard
၂၀၀၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Love Story in Harvard ဇာတ်လမ်းတွဲဟာဆိုရင်လည်း ပရိသတ်တွေကြည့်မ၀ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။
နာမည်ကျော်မင်းသား Kim Rae Won ၊ Lee Jung jin ၊ မင်းသမီးချော Kim Tae Hee တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

My Girlfriend is a Nine-Tailed Fox
၂၀၁၀ တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းဇာတ်ကွက်ခပ်ဆန်းဆန်းလေးနဲ့မြေခွေးမလေးဇာတ်လမ်းတွဲဟာလည်း ပရိသတ်ရင်ထဲထိရှခဲ့တဲ့ဇာတ်လမ်းတွဲလေးပါ။ဒီဇာတ်လမ်းတွဲထဲမှာဆိုရင်မင်းသား Lee Seung Gi နဲ့ မင်းသမီးချောလေး Shin Min-A တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။သူတို့ရယ်လို့စသိခဲ့တဲ့ ဇာတ်လမ်းလေးဆိုလည်းမမှားပါဘူး။

Boys Over Flowers
မင်းသားချောလေးယောက်၊မင်းသမီးတစ်ယောက်နဲ့ ရိုက်ကူးပုံဖော်ထားတဲ့ဒီဇာတ်လမ်းတွဲလေးကို ပရိသတ်တွေမေ့သေးမယ်မထင်ပါဘူးနော်။စိတ်လှုပ်ရှား
ရင်ခုန်စွာနဲ့စောင့်မျှော်အားပေးရတဲ့ဒီဇာတ်လမ်းတွဲလေးမှာ Lee Min Ho ၊ Kim Hyun Joong ၊ Kim Bum ၊ Ku Hye Sun ၊ Jang Ja Yeon စတဲ့
အနုပညာရှင်တွေပါဝင်သရုပ်ဆောင်ထားပါတယ်။Lee Min Ho ဟာ အဲ့ဒီအချိန်ကတည်းက နှုတ်ခမ်းနီမလေးတွေရဲ့ ရွှေမင်းသားလေးဖြစ်ခဲ့တာပါ။

https://www.youtube.com/watch?v=uyWLqolpgCA

Princess Hours
Yoon Eun Hye ၊ Ju Ji Hoon ၊ Song Ji Hyo ၊ Kim Jeong Hoo စတဲ့အနုပညာရှင်တွေပါဝင်ထားတဲ့ Princess Hours ဇာတ်လမ်းတွဲဟာဆိုရင်လည်း
ပရိသတ်တွေကိုတစ်မျိုးတစ်ဖုံဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။၂၀၀၆ ခုနှစ်တုန်းကထွက်ရှိထားတာဖြစ်ပြီး အခုချိန်ပြန်ကြည့်ဆိုလည်း မပျင်းမရိ
ပြန်ကြည့်ကြမယ့် ဇာတ်လမ်းတွဲကောင်းလေးဖြစ်ပါတယ်။

Coffee Prince
ယူတို့ အခု “ဦး”နေကြတဲ့ မင်းသားချော Gong Yoo ကို ဒီဇာတ်လမ်းတွဲနဲ့စသိခဲ့ကြတာဟုတ်! မင်းသား Lee Sun Gyun ၊ Kim Jae Wook ၊မင်းသမီးချော
Yoon Eun Hye တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ ကော်ဖီချစ်သူဇာတ်လမ်းတွဲလေးဟာလည်း ဘယ်အချိန်ပြန်ကြည့်ကြည့်မရိုးနိုင်တဲ့ ကြည့်လို့ကောင်းတဲ့
ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

https://www.youtube.com/watch?v=2APhZjGNIF8

Trailer လေးတွေကြည့်ပြီး ပြန်ကြည့်ချင်သွားကြပြီမဟုတ်လား? 🤭

 

 

984 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.