အလုပ္ျကိုးစားေနလို႕မင္းအတ ြက္အခ်ိန္မ ေပးနုိင္ဘူးဆိုတဲ႔ ယံုတမ္းစကားေတြမွာသာယာေနတုန္းလား???

တကယ္တမ္းခ်စ္ျကတဲ႔သူနွစ္ဦးမွာ အခ်ိန္ ေပးနုိင္ျခင္းမေပးနုိင္ျခင္းဆုိတာ မ်ိဳးေတြရွိကိုမရွိပါဘူး…တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္သူျဖစ္ျကျပီးမွ
သူကငါ႔ကို အခ်ိန္မေပးနုိင္လုိ႕၊ ငါက သူ႕ အတြက္အခ်ိန္ မေပးနုိင္လို႕ ဆိုတဲ႔ အေျကာင္းျပခ်က္နဲ႕လမ္းခြဲျပတ္ဆဲသြားျကမယ္ဆိုရင္ေတာ႔တကယ္ရီစရာျကီးျဖစ္
ေနမွာပါပဲ။


တစ္ဦးနဲ႕တစ္ဦးခ်စ္ျကတဲ႔သူနွစ္ဦးဟာ ခ်ိန္းေတြ႕မွ ျဖစ္ကိုျဖစ္မယ္ဆုိတဲ႔သူမ်ိဳးေတ ြမဟုတ္သလုိ ၊ အခ်ိန္ေတြမ်ားျကီးအကုန္ခံျပီးမေတြ႕ရင္ေရာ မခ်စ္ျကေတာ႔တဲ႔သူမ်ိဳး
မဟုတ္ပါဘူး။
တကယ္ေတာ႔ ကိုယ္ကသိပ္ကိုအလုပ္မ်ားေနတဲ႔သူျဖစ္ေနရင္ေတာင္ထမင္းစားနားခ်ိန္ေလးမွာ ဖုန္းဆက္စကားေျပာတာမ်ိဳး၊ အလုပ္ဆင္းခ်ိန္ေလးတူတူရွိေနတာမ်ိဳး၊
အလုပ္ပိတ္ရက္ေတြမွာနွစ္ေယာက္အတူတူ ေပ်ာ္စရာေကာင္းတဲ႔အခ်ိန္မ်ိဳးေတြဖန္တီးတတ္တာမ်ိဳးေတြလုပ္လည္း ျပည္႔စံုတဲ႔ RS Life ကုိရရွိေနျပီးသားပါ။


ဒါကိုပဲ ဘယ္လိုေတြေတာင္အေျကာင္းျပခ်က္ေပးျပီးအခ်ိန္မေပးနုိင္လို႕ျပတ္တယ္ဆိုတာမ်ိဳးေတြျဖစ္လာျကတာပါလိမ္႔…
ေသခ်ာပါတယ္ ဒါကတကယ္ကို မခ်စ္ျကတဲ႔စံုတြဲေတြမို႕ပါ။ တစ္ေယာက္ကအားျပီးတစ္ေယာက္ကအလုပ္မ်ားေနပါေစအံုးေတာ႔ အားတဲ႔သူကလည္း သူျကိုးစားေနပါသလားဆုိတာကိုနား
လည္ေပးနုိင္သလို အလုပ္မ်ားတဲ႔သူကလည္း မရမကအခ်ိန္ေလးကို ဖဲ႔ျပီးကိုယ္တန္ဖိုးထားရသူကို ေပးခ်င္တတ္ျကတာပါ။
အဓိကက ခ်စ္သူနွစ္ဦးျကားထဲကနားလည္မႈပါပဲ။ ျပတ္ခ်င္ရင္ျပတ္ခ်င္တယ္၊ မခ်စ္ရင္ မခ်စ္ဘူး မေျပာပဲ နဲ႕ မ်ား တစ္ေယာက္အတြက္တစ္ေယာက္အခ်ိန္မေပးနုိင္လို႕
ျပတ္ျကတာပါဆိုတဲ႔ ေခါင္းစဥ္ထဲအသြင္းခံေနရတာကို အဟုတ္ျကီးမထင္လုိက္ပါနဲ႕။ အခ်ိန္ေပးနုိင္ျခင္းမေပးနုိင္ျခင္းက လူဖန္တီးတဲ႔အရာျဖစ္တာမလို႕ ကိုယ္႔အေပၚထားတဲ႔သူ႕ရဲ႕
ေလးနက္မႈအတိမ္နက္ေျကာင္႔သာ ကိုုယ္႔အတြက္အခ်ိန္ဆိုတာျဖစ္လာတာမ်ိဳးပါ။
အခ်ိန္မေပးနုိင္လုိ႕ျပတ္ျကတယ္ဆိုတာမ်ိဳးမျဖစ္ျကပါနဲ႕…ေနာက္တစ္ခုက အခ်ိန္မေပးနုိင္လို႕ေပးနုိင္တဲ႔သူဆီသြားတယ္ဆုိတာမ်ိဳး
လည္းမေျပာျကပါနဲ႕။ နားလည္မႈနဲ႕စစ္မွန္တဲ႔ခ်စ္ျခင္းေမတၱာကိုနားလည္သူေတြအတြက္ရယ္စရာေကာင္းတဲ႔ျပက္လံုးတစ္ခုျဖစ္လြန္းလုိ႕ပါ။

Unicode

တကယ်တမ်းချစ်ကြတဲ့သူနှစ်ဦးမှာ အချိန် ပေးနိုင်ခြင်းမပေးနိုင်ခြင်းဆိုတာ မျိုးတွေရှိကိုမရှိပါဘူး…တစ်ယောက်နဲ့တစ်ယောက်ချစ်သူဖြစ်ကြပြီးမှသူကငါ့ကို အချိန်မပေးနိုင်လို့၊ ငါက သူ့ အတွက်အချိန် မပေးနိုင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့လမ်းခွဲပြတ်ဆဲသွားကြမယ်ဆိုရင်တော့တကယ်ရီစရာကြီးဖြစ်နေမှာပါပဲ။ တစ်ဦးနဲ့တစ်ဦးချစ်ကြတဲ့သူနှစ်ဦးဟာ ချိန်းတွေ့မှ ဖြစ်ကိုဖြစ်မယ်ဆိုတဲ့သူမျိုးတေ ွမဟုတ်သလို ၊ အချိန်တွေများကြီးအကုန်ခံပြီးမတွေ့ရင်ရော မချစ်ကြတော့တဲ့သူမျိုးမဟုတ်ပါဘူး။ တကယ်တော့ ကိုယ်ကသိပ်ကိုအလုပ်များနေတဲ့သူဖြစ်နေရင်တောင်ထမင်းစားနားချိန်လေးမှာ ဖုန်းဆက်စကားပြောတာမျိုး၊ အလုပ်ဆင်းချိန်လေးတူတူရှိနေတာမျိုး၊အလုပ်ပိတ်ရက်တွေမှာနှစ်ယောက်အတူတူ ပျော်စရာကောင်းတဲ့အချိန်မျိုးတွေဖန်တီးတတ်တာမျိုးတွေလုပ်လည်း ပြည့်စုံတဲ့ RS Life ကိုရရှိနေပြီးသားပါ။ဒါကိုပဲ ဘယ်လိုတွေတောင်အကြောင်းပြချက်ပေးပြီးအချိန်မပေးနိုင်လို့ပြတ်တယ်ဆိုတာမျိုးတွေဖြစ်လာကြတာပါလိမ့်…သေချာပါတယ် ဒါကတကယ်ကို မချစ်ကြတဲ့စုံတွဲတွေမို့ပါ။ တစ်ယောက်ကအားပြီးတစ်ယောက်ကအလုပ်များနေပါစေအုံးတော့ အားတဲ့သူကလည်း သူကြိုးစားနေပါသလားဆိုတာကိုနားလည်ပေးနိုင်သလို အလုပ်များတဲ့သူကလည်း မရမကအချိန်လေးကို ဖဲ့ပြီးကိုယ်တန်ဖိုးထားရသူကို ပေးချင်တတ်ကြတာပါ။ အဓိကက ချစ်သူနှစ်ဦးကြားထဲကနားလည်မှုပါပဲ။ ပြတ်ချင်ရင်ပြတ်ချင်တယ်၊ မချစ်ရင် မချစ်ဘူး မပြောပဲ နဲ့ များ တစ်ယောက်အတွက်တစ်ယောက်အချိန်မပေးနိုင်လို့ပြတ်ကြတာပါဆိုတဲ့ ခေါင်းစဉ်ထဲအသွင်းခံနေရတာကို အဟုတ်ကြီးမထင်လိုက်ပါနဲ့။ အချိန်ပေးနိုင်ခြင်းမပေးနိုင်ခြင်းက လူဖန်တီးတဲ့အရာဖြစ်တာမလို့ ကိုယ့်အပေါ်ထားတဲ့သူ့ရဲ့လေးနက်မှုအတိမ်နက်ကြောင့်သာ ကိုုယ့်အတွက်အချိန်ဆိုတာဖြစ်လာတာမျိုးပါ။အချိန်မပေးနိုင်လို့ပြတ်ကြတယ်ဆိုတာမျိုးမဖြစ်ကြပါနဲ့…နောက်တစ်ခုက အချိန်မပေးနိုင်လို့ပေးနိုင်တဲ့သူဆီသွားတယ်ဆိုတာမျိုးလည်းမပြောကြပါနဲ့။ နားလည်မှုနဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုနားလည်သူတွေအတွက်ရယ်စရာကောင်းတဲ့ပြက်လုံးတစ်ခုဖြစ်လွန်းလို့ပါ။

95 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.