သင့်အသည်းကိုမြန်မြန်ပျက်စီးစေတဲ့ ဒီအစားအစာတွေကိုစားမိနေပြီလား?

ကိုယ်စားမိနေတဲ့အစားအစာတွေက ကိုယ့်အတွက်ဘေးဖြစ်စေတယ်ဆိုရင် ရှောင်သင့်ပါတယ်နော်။ဟုတ်တယ်ဟုတ် ! ဒါဖြင့် ဘယ်လိုအစားအစာတွေက
သင့်ကျန်းမာရေးကိုထိခိုက်စေသလဲ?အထူးသဖြင့် အသည်းကို မြန်မြန်ပျက်စီးစေလဲ?

*အရက်သောက်ခြင်း
အရက်သောက်တာဟာ အသည်းကို ထိခိုက်ပျက်စီးစေတယ်ဆိုတာအားလုံးသိမှာပါ။ဒါပေမဲ့ တစ်ချို့က သောက်လာတာကြာပြီ။ဘာမှမဖြစ်ဘူးလို့
ပြောကြတာရှိပါတယ်။ဒါဟာလည်း အသည်းကိုမပျက်စီးအောင်သောက်လို့ဖြစ်ကြမှာပါ။အရက်ကိုနည်းနည်းသောက်မယ်။ရေများများသောက်မယ်။အသည်းအားကောင်းစေတဲ့အစားအစာတွေနဲ့ပြန်ပြီး ထိန်းမယ်ဆိုရင် အသည်းက ပျက်စီးမှုလျော့နည်းစေမှာပါ။များများသောက်ပြီး အသည်းအားဖြည့်စေမယ့်အရာတွေ
မလုပ်ဘူးဆိုရင်တော့ သင့်အသည်းက မြန်မြန်ပျက်စီးပါလိမ့်မယ်။

*အဆီများလွန်းတဲ့အကြော်အလှော်စာတွေစားခြင်း
တစ်ခါတစ်ရံစားတာက ပြဿနာမရှိပေမဲ့ ကယ်လိုရီနဲ့အဆီများပြားလွန်းတဲ့ကြော်စာ၊အလှော်စာတွေ၊အသင့်စား အစားအစာတွေကို တစ်ပတ် သုံးခါထက်မနည်း စားမိနေမယ်ဆိုရင် အသည်းမှာအဆီပိုတွေဖြစ်လာပါလိမ့်မယ်။အဆီပိုတွေရှိနေရင် အသည်းက သူ့အလုပ်တာဝန်ကိုလည်းကောင်းကောင်းလုပ်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် အစားအစာတွေကြော်လှော်ချက်ပြုတ်စားသောက်မယ်ဆိုရင် ဆီလျော့စားတာ၊ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီထည့်ပြီးချက်ပြုတ်တာမျိုးလုပ်ပေးသင့်ပါတယ်။

*ဆား
အသည်းကိုပျက်စီးစေတဲ့နောက်ထပ်တစ်ချက်ကတော့ ဆားစားသုံးမှုများလို့ပါ။ဆားစားတာများတဲ့အခါ သွေးဖိအားကိုတိုးလာစေပြီး အသည်းအပါအ၀င်
တစ်ခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ ထိခိုက်ပျက်စီးလာစေပါတယ်။ဒါပေမဲ့ သင်ဟာ ဆိုဒီယမ်များပြားတဲ့အစားအစာတွေလျှော့စားမယ်။ဗီတာမင်စီ
ပါဝင်တဲ့အစားအစာတွေများများစားမယ်ဆိုရင်တော့ ဆားစားသုံးမှုကြောင့်ဖြစ်ပေါ်နိုင်တဲ့အန္တရာယ်တွေကိုကာကွယ်ပေးနိုင်ပါလိမ့်မယ်။

*သကြား
သကြားပါဝင်မှုများတဲ့ သကြားလုံး၊ကွတ်ကီး၊ဆိုဒါ စတဲ့ သကြားဓာတ်မြင့်မားတဲ့အစားအစာတွေ စားမိတာကလည်း အသည်းအတွက်မကောင်းစေပါဘူး။
တစ်ခါတစ်ရံပဲစားတာကောင်းပါတယ်။ကြိုက်လို့ဆိုပြီး အမြဲစားသောက်နေမယ်ဆိုရင် အသည်းကိုထိခိုက်လာပါလိမ့်မယ်။

*ပေါင်မုန့်ဖြူ၊ပါစတာ
ပေါင်မုန့်ဖြူ၊ပါစတာစတဲ့အစားအစာတွေဟာ သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေတယ်လို့သိရပါတယ်။ဒါကြောင့် ပေါင်မုန့်ဖြူ၊ပါစတာစတဲ့
အစားအစာတွေအမြဲစားဖြစ်နေတယ်ဆိုရင် ဒီနေ့ကစပြီး လျှော့စားသင့်ပါပြီ။

176 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.