ဒီအဆင့်တွေကို သင်တို့နှစ်ယောက်ဖြတ်သန်းပြီးပြီလား

ချစ်တယ်လို့ ပါးစပ်ကပြောရတာ လွယ်တယ်။ လက်တွေ့မှာတော့ ခက်ခဲပါတယ်။
လူတစ်ယောက်ကို ချစ်ရတာ ခက်ခဲတဲ့အလုပ်ပါ။ ကိုယ်ကချစ်သလို သူကလည်း ထပ်တူပြန်
ချစ်နိုင်ပါ့မလား။ ချစ်တော့ချစ်ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် ချစ်ပုံချစ်နည်းတွေကတော့ ကွဲပြားမှာပေါ့။

Image result for sad couple

Rs တစ်ခုမှာ အဆင့်တွေအများကြီး ဖြတ်ကျော်ရပါတယ်။ တွဲပြီး ၃လလောက်ကြာတာနဲ့
ပြဿနာတွေ စလာလိမ့်မယ်။ စကားများ ရန်ဖြစ်ရတော့မယ်။ ဝမ်းနည်းစရာတွေလည်း
ကြုံလာရလိမ့်မယ်။ ဒါတွေဟာ အချစ်ကစမ်းသပ်တဲ့ မင်းတို့နှစ်ယောက်ရဲ့ခိုင်မြဲမှုပါပဲ။
တွဲလာတဲ့အချိန် ကြာတာနဲ့အမျှ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာလို့
စိတ်ညစ်လာရမယ်။ ငြီးငွေ့ချင်လည်း ငြီးငွေ့လာမှာပါ။

Related image

ဒီလိုအခြေအနေတွေကို တောင့်မခံနိုင်တဲ့သူတွေကတော့ ပြတ်မှာပါ။ Rs တစ်ခုတည်ဆောက်
ယူတာပဲဖြစ်ဖြစ် ၊ ပြိုလဲသွားတာပဲဖြစ်ဖြစ် ကာယံရှင်နှစ်ယောက်လုံးနဲ့ သက်ဆိုင်ပါတယ်။
နှစ်ယောက်လုံး နားလည်မှု ၊ ယုံကြည်မှုမရှိရင်တော့ ပြတ်မယ်ဆိုတာလည်း သိပြီးသားပါ။

စိတ်ပျက်စရာတွေ ကြုံတွေ့ပြီးတဲ့တိုင် မင်းတို့နှစ်ယောက်လုံး ခိုင်မြဲနေသေးတယ်။
အချစ်တွေ လုံးဝမလျော့သွားဘူးဆိုရင်တော့ သေချာပါတယ်။ မင်းတို့နှစ်ယောက် အချစ်ရဲ့စမ်းသပ်အဆင့်ကြီးကို ဖြတ်ကျော်သွားနိုင်ခဲ့ပါပြီ။

165 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.