အမြဲတမ်း ဘဝမှာ တလွဲတွေဖြစ်နေတုန်းလား

တစ်ခါတစ်လေ ဘဝကြီးက နေလို့သိပ်မကောင်းဘူး။ ရှင်သန်ရတာ ဘယ်လောက်ခက်ခဲမှန်း
အသက်ကြီးလာလေ ပိုသိလေပါပဲ။ လူ့ဘဝရလာပြီဆိုရင် ဘယ်လိုအခြေအနေပဲ
ဖြစ်ဖြစ် ရှင်သန်ရမှာပဲမဟုတ်လား ။ အရေးကြီးတာက အခွင့်ရေးကောင်းတွေနဲ့ မလွဲသွားဖို့ လိုတယ်။

Image result for life short

နောင်တဆိုတာ နောက်မှရတယ်ဆိုတာ သိတယ်မဟုတ်လား။ အမြဲတမ်း တစ်ခုမဟုတ်
တစ်ခု လွဲချော်နေရင် ဘဝက နေပျော်စရာကောင်းပါဦးမလား။ ပြောသင့်တဲ့စကားတွေ ၊ သွားလိုက်ရမယ့် နေရာတွေ ၊ ပေးလိုက်သင့်တဲ့ အရာတွေ … ဒါတွေကို မလုပ်လိုက်မိတဲ့အခါ မင်းဘဝကြီးက အမြဲလွဲချော်နေဦးမှာပါပဲ။

Related image

ဒါဆို လက်မလွှတ်သင့်တာတွေ အခုချိန်မှာ အမိရဖမ်းဆုပ်ထားလိုက်ပါ။ မဟုတ်ရင်
တစ်ဘဝလုံး နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့ နေသွားရတော့မှာ။ ဒါကြောင့် အချိန်မဆွဲပါနဲ့။
အခုဆို အခုပဲ လုပ်လိုက်ပါ။ ပြောသင့်တယ်ထင်ရင် ပြောလိုက်ပါ။
မပြောသင့်တဲ့စကားဆိုလည်း သေချာ ဦးနှောက်နဲ့စဉ်းစားပြီး ချင့်ချိန်ဆုံးဖြတ်ပါ။

တချို့ စကားလေးတွေက ပြောရသူအတွက် ဝန်မလေးသလို ပြောခံရသူအတွက်လည်း
စိတ်ချမ်းသာရပါတယ်။ ဒါဆို နှစ်ဦးနှစ်ဖက်လုံး စိတ်ချမ်းသာမယ့် အပြုမူ အပြောဆိုတွေကို
အသုံးချဖို့ ဘာလို့မေ့လျော့နေကြတာလဲ။ ဘဝကြီးက နေတတ်ရင် ကျေနပ်စရာပါ။
ကောင်းတဲ့အတွေးမြင်တွေနဲ့ ဘဝကို ပုံဖော်လိုက်ရအောင်လား…

215 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.