နန်းတွင်းအချစ်ဇာတ်လမ်းတွဲသစ်မှာ မြင်တွေ့ရဦးမယ့် မင်းသမီးချောလေး Kim So Hyun

နာမည်ကျော်တောင်ကိုရီးယားမင်းသမီးချောလေး Kim So Hyun ကို မကြာခင်နန်းတွင်းဇာတ်လမ်းတွဲအသစ်တစ်ခုမှာ မြင်တွေ့ရဖွယ်ရှိတယ်လို့ Soompi
မီဒီယာရဲ့ဖော်ပြချက်အရသိရပါတယ်။Kim So Hyun ကို KBS က အသစ်ရိုက်ကူးမယ့် နန်းတွင်းအချစ်ဇာတ်လမ်းတွဲတစ်ခုမှာပါဝင်ဖို့ရွေးချယ်
ကမ်းလှမ်းထားတာဖြစ်ပါတယ်။နာမည်ကျော် webtoon တစ်ခုကို အခြေခံပြီးရိုက်ကူးမှာဖြစ်တယ်လို့သိရပါတယ်။

“Mung Bean Chronicles” လို့လတ်တလောနာမည်ပေးထားတဲ့ဇာတ်လမ်းတွဲပုံစံဟာ မုဆိုးမတွေပဲရှိတဲ့ ထူးဆန်းတဲ့ရွာကို မိန်းမတစ်ယောက်အသွင်ပြောင်းလဲပြီးဝင်ရောက်လာတဲ့လူငယ် အမျိုးသား ( Jeon Nok Du) အကြောင်း အဓိကအသားပေးဖော်ပြသွားမယ့်ပုံစံဖြစ်ပါတယ်။မင်းသမီး Kim So Hyun ကတော့ Dong Dong Joo ဆိုတဲ့ အမျိုးသမီးလေးနေရာကနေ ပါဝင်သရုပ်ဆောင်ရမှာပါ။လက်မထပ်ချင်လို့မိန်းကလေးပုံစံဟန်ဆောင်နေတဲ့ လူငယ်လေးနဲ့ ဧည့်သည်တွေကို ကပြဖျော်ဖြေရတဲ့အလုပ်ကိုမလုပ်ချင်တဲ့အမျိုးသမီးငယ်လေးတို့ရဲ့ ဂျိုဆွန်းခေတ်က အချစ်ဇာတ်လမ်းပုံစံလေးဖြစ်ပါတယ်။ထူးခြားးတဲ့ဇာတ်လမ်းလေးဖြစ်လို့ ပရိသတ်တွေလည်း အကြိုက်တွေ့လောက်မှာပါ။

ဒါရိုက်တာ Kim Dong Hwi ရိုက်ကူးမယ့် ဒီဇာတ်လမ်းတွဲမှာ Jeon Nok Du အဖြစ်သရုပ်ဆောင်မယ့် မင်းသားကိုတော့ အတိအကျမရွေးချယ်ရသေးပါဘူး။ဘယ်သူတွေထပ်ပြီးပါဝင်လာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ဒီဇာတ်လမ်းတွဲကို စက်တင်ဘာလထဲမှာ ထုတ်လွှင့်ပြသနိုင်ဖို့စဉ်းစားထားတယ်လို့လည်းသိရပါတယ်။

မင်းသမီးချော Kim So Hyun ဟာ ကလေးသရုပ်ဆောင်အဖြစ်ကနေ တဖြည်းဖြည်းနဲ့ခေါင်းဆောင်မင်းသမီးအဖြစ် ပရိသတ်တွေရင်ထဲနေရာယူလာတဲ့သူလေးလည်း ဖြစ်ပါတယ်။၂၀၁၈ တုန်းကတော့ Radio Romance ဇာတ်လမ်းတွဲကိုရိုက်ကူးထားပြီး ဒီ “Mung Bean Chronicles” ကတော့ ၂၀၁၉ အတွက် သူမရဲ့ ပထမဆုံးဇာတ်လမ်းတွဲပါ။ထွက်လာရင်အားပေးဖို့မမေ့နဲ့ဦးနော်

Source:Allkpop/Soompi

50 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.