ရုပ်ရှင်နဲ့ သဘင်လောကမှာ ပရိသတ်တွေအားပေးထောက်ခံမှု များစွာရရှိထားတဲ့ သရုပ်ဆောင်ကျော်ကျော်ဗိုကို သူ့ရဲ့ အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တဲ့အခါသူက ‘ကျွန်တော် အခုလတ်တလောမှာတော့ ရုပ်ရှင် ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့ ရှိမယ်။ ကျွန်တော် ဖျော်ဖြေပွဲတွေနဲ့ တေးစီးရီးအခွေ တစ်ချို့မှာ သီချင်းတစ်ပုဒ်၊ နှစ်ပုဒ် ဆိုပေးဖြစ်နေတယ်။ သီချင်း တစ်ချို့လည်း စုနေတယ်။ စိတ်ကြိုက် သီချင်းတွေဖြစ်လာရင်တော့ တစ်ကိုယ်တော်ခွေထုတ်မယ်။ ပရိသတ် ကြိုက်နှစ်သက်စေမယ့် သီချင်းခွေတစ်ခွေ ဖြစ်အောင်လို့ ကြိုးစားသွားမယ်။ အဲဒီလို အခွေထုတ်ရင် တချို့က ဂီတဘက်ကို ပြောင်းလိုက်တာလို့ ထင်နေကြတယ်။ အမှန်တော့ ကျွန်တော်တို့ အနုပညာသမားဆိုတာ အကုန်လုံးကို ဖန်တီးလုပ်ကြည့်ချင်တဲ့ စိတ်ပဲရှိတယ်။ သီချင်းလေးတွေ ရေးပြီးတော့ ဆိုချင်တယ်။ ဆိုင်းသံကြားရင်လည်း ကွေးနေအောင် ကချင်တယ်။ အနုပညာသမားတွေရဲ့ ခံယူချက်တစ်ခုကြောင့်ပါ။ တခြားဘာရည်ရွယ်ချက်နဲ့မှ သရုပ်ဆောင်အပြင် တခြားအနုပညာဖန်တီးမှုတွေကို ဆောင်ရွက်တာမဟုတ်ဘူးဆိုတာ ပရိသတ်သိစေချင်ပါတယ်’ လို့ ပြောပြသွားခဲ့ပါတယ်။
တစ်ကိုယ်တော် တေးစီးရီးထွက်ရှိဖို့ ပြင်ဆင်နေတဲ့ သရုပ်ဆောင် ကျော်ကျော်ဗို

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။